October 28, 2024

၂၇.၁၀.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ နန္ဒဝန်ကျောင်းလမ်းရှိ Grand Palace Hotel တွင် လာရောက်တည်းခိုသူ အသက် ၄၀ ကျော်​အရွယ် အမျိုးသားတစ်ဦးမှာ ဒုတိယထပ်မှ ပြုတ်ကျသေဆုံးမှု အောက်တိုဘာလ ၂၆ ရက် နံနက် ၁ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

သေဆုံးသူမှာ ဦးနေလင်းအောင် ဆိုသူဟု သိရပြီး သူငယ်ချင်းနှင့်အတူ လာရောက်တည်းခိုခဲ့ရာ ဒုတိယထပ်၌ ဆေးလိပ်ထွက်သောက်စဥ် ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု ကနဦး သိရသည်။

ပြုတ်ကျသူ အမျိုးသားမှာ ဦးခေါင်းနှင့်မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ပြီး သေဆုံးသူ၏ရုပ်အလောင်းကို အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားသည်။

ဟိုတယ်ပေါ်မှ ပြုတ်ကျသေဆုံးမှုနှင့်ပတ်သက်၍ ဘုရင့်နောင်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဥ်ဖွင့်လှစ်ကာ စစ်ဆေးနေကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ၂၃ ရက် နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ် (၂)ဝိုင်းရှိ ထန်းတပင်ကျောင်းရှိ ငါးလွှာမှ အသက် ၁၈ နှစ်ခန့်ရှိသော ကိုရင်တစ်ပါး ပြုတ်ကျသေဆုံးမှုတစ်ခုလည်း ယခုရက်ပိုင်းအတွင်းပင် ဖြစ်ပွားခဲ့သည်။

ပုံစာ။ Grand Palace ဟိုတယ်မှ ပြုတ်ကျသော အမျိုးသားနှင့် ထန်းတပင်ကျောင်းမှ ပြုတ်ကျသော ကိုရင်တို့ မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *