October 28, 2024

၂၆.၁၀၂၀၂၄
Written By Thandar

၇၃ ကြိမ်မြောက်ကျင်းပမယ့် Miss Universe 2024 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် သက်စံအန်ဒါဆန် Top 30 Finalist စာရင်းဝင်ရောက်ဖို့အတွက် အရေးကြီးတဲ့ Voting နှစ်ခုပေးရမယ်လို့ သိရပါတယ်။

အဆိုပါ ပြိုင်ပွဲကြီးမှာ Miss Universe Myanmar 2024 သက်စံအန်ဒါဆန်ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့အတွက် အရေးကြီးတဲ့ Voting နှစ်ခုမှာ ပထမတစ်ခုကတော့ Voting အများဆုံးသူက Top 30 Finalist ထဲကိုအလိုအလျောက် ဝင်ရောက်ခွင့်ရရှိမယ့်အခွင့်အရေးပါ။ Acc တစ်ခုအတွက် ၂၄နာရီလျှင် တစ်ကြိမ်နှုန်း Free Vote ခွင့် ရရှိမှာဖြစ်ပါတယ်။ Debit/ Credit တွေကလည်း တစ်ဒေါ်လာကို 3 vote နှုန်းနဲ့ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

ဒုတိယတစ်ခုကတော့ အလှမယ် သက်စံရဲ့ လူမှုရေးလှုပ်ရှားမှုလုပ်ငန်းတွေ တင်ပြထားတဲ့ Voice For Change Video ကို Vote ပေးရမှာပါ။ မဲပေးမှုအပေါ်မှာ မူတည်ပြီးတော့ Silver Finalists နဲ့ Gold Winner တွေအနေနဲ့ ရွေးချယ်ခံရရင်တော့ အမှတ်တရ ဆုတံဆိပ်ရင်ထိုးနဲ့အတူ ဆုကြေးငွေချီးမြှင့်ခံရမှာလို့ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက်မှာ မက္ကဆီကိုနိုင်ငံက အိမ်ရှင်အနေနဲ့ ကျင်းပမယ့် ၇၃ ကြိမ်မြောက် Miss Universe 2024 ပြိုင်ပွဲမှာ နိုင်ငံတကာက အလှမယ်တွေနဲ့အတူ ရင်ပေါင်တန်းပြီး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သက်စံအန်ဒါဆန်က ဝင်ရောက်ယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။

သက်စံအန်ဒါစံကတော့ Miss Universe Myanmar 2024 Winner ဆုအပြင် Miss Astonishing ဆု ၊ Miss Fashionable Award ဆု ၊ Miss Body Perfect ဆု ၊ Golden Ratio ဆု ၊ Miss Gorgeous ဆုနဲ့ Miss Elegant by SeinnanDaw ဆိုတဲ့ Title ဆုတွေကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *