October 28, 2024

၂၆.၁၀. ၂၀၂၄
Written by Shwe Phyo

အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသတွင် မဏိပူရပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ် အခြေစိုက် လက်နက်ကိုင်အဖွဲ့များကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး မဏိပူရပြည်နယ်အခြေစိုက်
လက်နက်ကိုင်အဖွဲ့ဖြစ်သော PREEPAK (PRO) အဖွဲ့ နှင့် People’s Liberation Army (PLA) အဖွဲ့တို့မှ တပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းများတွင်ဖော်ပြထားသည်။

PREEPAK (PRO)အဖွဲ့က ၎င်းတို့အဖွဲ့ဝင်နှစ်ဦးနှင့် RPF/PLA အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ချင်းပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ သေဆုံးခဲ့သော မဏိပူရပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ဝင်များ၏ ရုပ်အလောင်းကို အာသံရိုင်ဖယ်တပ်ရင်းက ပြန်လည်ယူဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့ထံ အောက်တိုဘာ ၂၄ ရက်နေ့တွင်လွှဲပြောင်းပေးခဲ့ကြောင်း အိန္ဒိယသတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယ Pallel ရဲစခန်းမှ တာဝန်ရှိသူများသည် သေဆုံးခဲ့သော လက်နက်ကိုင်အဖွဲ့ဝင်များ၏ ရုပ်အလောင်းကိုမိသားစုဝင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး အောက်တိုဘာ ၂၅ ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ ချင်းပြည်နယ်အခြေစိုက်လက်နက်ကိုင်အဖွဲ့ နှင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် သေဆုံးခဲ့သူသုံးဦးသည် PLA အဖွဲ့မှ Oinam Gulu ဆိုသူနှင့် PREEPAK (PRO) အဖွဲ့မှ Wahengbam Saratkuma နှင့် Nongmaithem Bonisana ဆိုသူတို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးပြဿနာဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှဒေသခံများသည် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာဝင်ရောက်ခဲ့သလို အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသတွင် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေကြောင်း အိန္ဒိယသတင်းများတွင်ဖော်ပြထားသည်။

REf Time of india

Leave a Reply

Your email address will not be published. Required fields are marked *