October 28, 2024

၂၆ .၁၀ .၂၀၂၄
Written by MMAK

◾ မန်စီးတီး Vs ဆောက်သမ်ပ်တန်

မန်စီးတီးအသင်းရဲ့ အဓိကပြိုင်ဘက်တွေဖြစ်တဲ့
အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့နေတာကြောင့် ဆောက်သမ်ပ်တန်အသင်းကို သေချာပေါက် အနိုင်ရနိုင်တယ်ဆိုပေမဲ့ မန်စီးတီးအသင်း ကြေးအောင်မှာလား ဆိုတာ စဥ်းစားရမှာပါ။ မန်စီးတီးအသင်းက ချန်ပီယံလိဂ်မှာ နှစ်ပွဲဆက် ကြေးအောင်ထားပေမဲ့ ပရီးမီးယားလိဂ်မှာ ငါးပွဲဆက်ကြေးကျထားသလို ဘယ်တောင်ပံမှာ ဒိုကူနဲ့ ဂရီးလစ်၊ ကွင်းလယ်က ရိုဒရီနဲ့ ဒီဘရိုင်းတို့မပါနိုင်တဲ့ အတွက် မန်စီးတီးတိုက်စစ်မှာ အားနည်းချက် ရှိနေတာကို သတိထားသင့်ပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းက ဘော်ဒီကြေး သုံးလုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးသရေ ဖြစ်ပါတယ်။ ဆောက်သမ်ပ်တန်အသင်းသာ ဂိုးမရဘူးဆို မန်စီးတီးအသင်းကလည်း ငါးဂိုးလောက်ထိသွင်းပြီး ဂိုးပြတ်သွင်းဖို့ ကြိုးစားလာမှာ မဟုတ်ပါဘူး။ မန်စီးတီးအသင်း နှစ်ဂိုးပြတ်နိုင်လို့ ရသလို သုံးဂိုးပြတ်ထိ သွင်းလို့ရပြီး ဂိုးပေါင်းကြေး ထိန်းလို့ရတယ်ဆိုတဲ့ အနေအထားတွေ ရှိပါတယ်။ အိမ်ရှင်မန်စီးတီးအသင်း အနိုင်ရသွားနိုင်ပေမဲ့ ဂိုးတွေအများကြီး သွင်းဖို့ မလိုအပ်တာကြောင့် ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။

◾ အက်စတွန်ဗီလာ Vs ဘုန်းမောက်

အမ်မရီရဲ့ ဗီလာအသင်းက ဘယ်လိုမှ ရပ်တန့်လို့ မရသေးဘဲ အရမ်းကောင်းနေသလို ထိုးသားတိုင်း အထင်ကြီးနေတာ တွေ့ရပါတယ်။ ဒီပွဲမှာလည်း အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို တစ်လုံးကိုးဆယ်စား ဆိုတဲ့ ပေါက်ကြေးမျိုး ပေးလာပြန်ပါတယ်။ ဗီလာအသင်းက ဘော်ဒီကြေး တစ်လုံးလေးဆယ်စားလောက် ပေးခဲ့ရင်တောင် ဗီလာအသင်းကိုပဲ ရွေးချယ်ကြမဲ့အချိန်မှာ တစ်လုံးကိုးဆယ်စား ဆိုတဲ့ပေါက်ကြေးမှာ ဗီလာအသင်းကိုပဲ ထိုးသားတိုင်း ရွေးချယ်ကြမှာပါ ။ အဝေးကွင်း သိပ်မကောင်းတဲ့ ဘုန်းမောက်အသင်းကို ဗီလာအသင်းအနေနဲ့ ဒီပေါက်ကြေးထပ် ပိုမြင့်တဲ့ ပေါက်ကြေးမျိုး ပေးလို့ရပေမဲ့ ဟိုမရောက် ဒီမရောက် ပေါက်ကြေးမျိုး ကြေးကြောပေးထားတာ တွေ့ရပါတယ်။ တစ်လုံးကိုးဆယ်စားဆိုတဲ့ ပေါက်ကြေးမှာ အိမ်ရှင်ဗီလာအသင်းကို ထိုးသားတွေ ပုံ၀င်လာမှာ ဖြစ်ပြီး ဖိုက်တာတွေလောက်သာ ဘုန်းမောက်အသင်းကို ရွေးချယ်ကစားကြမှာပါ။ ဗီလာအသင်း ကြေးအောင်တာ တော်တော်များနေပြီဖြစ်လို့ ကြေးကျတော့မလားဆိုပြီး လိုက်နေခဲ့တာ သုံးပွဲလောက် ရှိနေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပေါက်ကြေးအရ အိမ်ရှင်ဗီလာကိုပဲ ရွေးချယ်လာမဲ့ အနေအထားမှာ ဘွတ်ကီတွေတောင် တစ်ကမ္ဘာလုံးနဲ့ ယှဥ်ပြီး ဘုန်းမောက်အသင်းကို နေရဲသေးရင် ကျွန်တော်တို့လည်း ရွေးချယ်ရမှာပါ။ ဗီလာအသင်း ကြေးကျသွားနိုင်တဲ့အတွက် အောက်ကြေး ဘုန်းမောက်ကိုပဲ ရွေးချယ်ပေးချင်ပါတယ်။

◾ ဘရန့်ဖို့ Vs အစ်ဆွချ်

ဘရန့်ဖို့အသင်းက အဝေးကွင်းလေးပွဲလုံး ရှုံးနိမ့်ထားပေမဲ့ အိမ်ကွင်းပွဲတွေမှာ သုံးပွဲနိုင် တစ်ပွဲသရေနဲ့ တိုက်စစ်က ၁၁ ဂိုးသွင်းထားတာကြောင့် အိမ်ကွင်းပိုကောင်းတဲ့အသင်း အိမ်ကွင်းအားပြုကစားတဲ့ အသင်းဆိုတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း အစ်ဆွချ်အသင်းကို ဘော်ဒီကြေး တစ်လုံး တစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးပြင်းပြင်း ပေးထားသလို ဂိုးပေါင်းကြေး သုံးလုံး နှစ်ဆယ်စား ဖြစ်ပါတယ်။ ဒီဘော်ဒီပေါက်ကြေးက ကြေးပြင်းတယ်လို့ ပြောလို့ရပြီး အိမ်ရှင်ဘရန့်ဖို့အသင်း တစ်ဂိုးအသာလောက်နဲ့ နိုင်မယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ ဘရန့်ဖို့အသင်းက ရလဒ်တွေအရမ်းကောင်းနေတာမျိုး မဟုတ်ဘဲ အိမ်ကွင်းပွဲတွေမှာသာ သိသိသာသာ ပိုကောင်းနေတာ တွေ့ရပါတယ်။ အစ်ဆွချ်အသင်းရဲ့ ခြေစွမ်းကလည်း အရမ်းကောင်းနေတာမျိုး မဟုတ်ဘဲ အဝေးကွင်း ဖြစ်နေတာကြောင့် ရှုံးပွဲထပ်တွေ့နိုင်ပါတယ်။ အိမ်ကွင်းပိုကောင်းတဲ့ ဘရန့်ဖို့အသင်းရဲ့ ဘော်ဒီကြေးက အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ နိုင်မယ်ဆိုတဲ့ ပေါက်ကြေးအနေအထားမှာ ဘရန့်ဖို့ဘော်ဒီကိုပဲ ကြိုက်ပါတယ်။

◾ဘရိုက်တန် Vs ဝုဗ်

ဘရိုက်တန်အသင်းက ဘရန့်ဖို့အသင်းထက် ပိုကောင်းသလို ဇယားအောက်ဆုံးက ဝုဗ်အသင်းကို တစ်လုံးသုံးဆယ်စား ပေးထားပါတယ်။ အပေါ်ကပွဲမှာ ပြောခဲ့သလို ဘရန့်ဖို့အသင်းကတောင် အစ်ဆွချ်အသင်းကို တစ်လုံးတစ်ဆယ်စားပေးထားရင် ဘရန့်ဖို့အသင်းထက် ပိုကောင်းတဲ့ ဘရိုက်တန်အသင်းအနေနဲ့ ဝုဗ်အသင်းကို ဒီထပ်ပိုမြင့်တဲ့ ပေါက်ကြေးမျိုး ပေးရမှာပါ။ တစ်လုံးသုံးဆယ်အရှုံးလောက် မပေးနိုင်ရင်တောင် အနိမ့်ဆုံး တစ်လုံးသရေလောက်အထိတော့ ပေးရမှာပါ။ ဘရိုက်တန်အသင်းက စပါးလိုအသင်းတောင် အိမ်ကွင်းမှာ အနိုင်ရထားသလို နယူးကာဆယ်လို အသင်းကို အဝေးကွင်းကနေ လှန်နိုင်ထားတဲ့ အချိန်မှာ ပွဲတိုင်းရှုံးနေတဲ့ ၀ုဗ်လိုအသင်းကို တစ်လုံးသုံးဆယ်စားဆိုတဲ့ ပေါက်ကြေးက အရမ်းပျော့ပါတယ်။ တစ်လုံးသွင်းရင် ပြားသုံးဆယ်အနိုင်ရမဲ့ ပေါက်ကြေးမှာ  အိမ်ရှင်ဘရိုက်တန်ကိုပဲ ထိုးသားအများစု ရွေးချယ်ကြမှာပါ။ ဒီပေါက်ကြေးက ဘရိုက်တန်အသင်း သရေကျသွားနိုင်သလို နိုင်ခဲ့ရင်လည်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်မယ်ဆိုတဲ့ ပေါက်ကြေးဖြစ်တာကြောင့် ဘယ်သူမှ မကြိုက်တဲ့ အောက်ကြေး ဝုဗ်အသင်းကို ရွေးချယ်ကစားစေချင်ပါတယ်။

◾ အဲဗာတန် Vs ဖူဟမ်

နောက်ပိုင်းပွဲတွေမှာ အဲဗာတန်အသင်းက ရလဒ်ပြန်ကောင်းလာပြီး ဖူဟမ်အသင်းက နှစ်ပွဲဆက် ရှုံးထားပါတယ်။ ဖူဟမ်အသင်းက အပေါ်မရောက် အောက်မရောက် အသင်းမျိုး ဖြစ်တယ်လို့ ပြောခဲ့သလို ဘာဖိအားမှ ရှိမနေပါဘူး။ အဲဗာတန်အသင်းကတော့ တန်းဆင်းဇုန်နားမှာ ကပ်နေတဲ့အသင်းဖြစ်ပြီး ပရီးမီးယားလိဂ် ဝါရင့်အသင်းတစ်သင်းအနေနဲ့ တန်းဆင်းဇုန်နားမှာ တဝဲလည်လည် ဖြစ်နေတာမျိုး အဖြစ်ခံမယ် မထင်ပါဘူး။ အဲဗာတန်အသင်းက တန်းဆင်းဇုန်နား ကပ်မနေရဖို့ ရည်ရွယ်ချက် ကောင်းကောင်းမွန်မွန်ရှိပေမဲ့ ဖူဟမ်အသင်းကတော့ အေးအေးဆေးဆေး ကစားလို့ရတယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။ ရာသီအစရှိသေးတာကြောင့် တန်းဆင်ဇုန်အကြောင်းပြောတာ စောသေးတယ်ဆိုပေမဲ့ နှစ်တိုင်းလိုလို ဖူဟမ်အသင်းက ဒီပုံစံမျိုးဘဲ တွေ့ရတာကြောင့် ဖြစ်ပါတယ်။ ဒီပွဲမှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး သုံးလုံး ရှစ်ဆယ်စား ဖြစ်ပါတယ်။ အဲဗာတန်အသင်းအနေနဲ့ ဖူဟမ်လို ဟိုမရောက်ဒီမရောက် အသင်းကို အိမ်ကွင်းမှာ ရှုံးမယ်လို့ မထင်ပါဘူး။ အဲဗာတန်အသင်း အနိမ့်ဆုံး သရေရအောင်တော့ ကစားနိုင်တယ်လို့ ယူဆထားတဲ့အတွက် အိမ်ရှင်အဲဗာတန်အသင်းကိုပဲ ကြိုက်ပါတယ်။

◾ ရီးရဲမက်ဒရစ် Vs ဘာစီလိုနာ

ဘောလုံးလောကရဲ့ ပရိတ်သတ်စိတ်ဝင်စားမှု အများဆုံးနဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အယ်ကလက်စီကိုဒါဘီပွဲ ဖြစ်ပါတယ်။ နှစ်သင်းလုံးက အရမ်းကောင်းနေကြပြီး အဓိကအားဖြင့် တိုက်စစ်ပိုင်းက ဂိုးသွင်းတအားကြမ်းနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ လူငယ်ကစားသမားတွေနဲ့ ဝါရင့်တိုက်စစ်မှူး လီဝမ်ဒေါစကီးတို့ အတွဲအဖက်နဲ့  အသင်းလိုက် ကစားအား ပိုကောင်းနေတာ တွေ့ရပြီး တိုက်စစ်က ဂိုးသွင်းအားကောင်းပါတယ်။ ရီးရဲအသင်းကတော့ ကြယ်စင်စုအသင်းလို့ အမည်ခံထားတဲ့အတိုင်း နေရာစုံမှာ ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေပြီး ကစားပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။ ဒီပွဲမှာ အိမ်ရှင်ရီးရဲအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ် အရှုံး ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ခြေစွမ်းက အရမ်းကောင်းနေချိန်မှာ ရီးရဲအသင်းရဲ့ သရေအရှုံးဆိုတဲ့ ပေါက်ကြေးက ကြေးပြင်းတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီပွဲက အိမ်ရှင်ရီးရဲအသင်း နိုင်ရင်နိုင် မနိုင်ရင် ဂိုးပေါင်းပေါ်မယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရသလို စုံပေါ်အောင်သွားနိုင်တဲ့ အခြေအနေမှာလည်း ရှိပါတယ်။ ပေါက်ကြေးပြင်းတဲ့ အိမ်ရှင်ရီးရဲအသင်း ဂိုးရမှာ ဖြစ်သလို တိုက်စစ်အရမ်းကောင်းနေတဲ့ ဘာစီလိုနာအသင်းလည်း ဂိုးရမှာ ဖြစ်တဲ့အတွက် တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမဲ့ပွဲလို့ မြင်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ အနိုင်အရှုံးပေါ်အောင် ကစားလာမဲ့ အယ်ကလက်စီကို ဒါဘီပွဲမှာ ဂိုးပေါ်တစ်မျိုးတည်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *