October 28, 2024

၂၆.၁၀.၂၀၂၄
Written By Thandar

အောက်တိုဘာ ၂၆ ရက် ညပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ Miss Grand International 2024 ပြိုင်ပွဲကြီးပြီးတဲ့နောက် နိုင်ငံကိုယ်စားပြု အလှမယ်တချို့ နုတ်ထွက်ခဲ့ကြပါတယ်။

အဆိုပါပြိုင်ပွဲကြီးကနေ Miss Grand Cambodia ၊ Miss Grand Colombia ၊ Miss Grand Mexico ၊ Miss Grand Myanmar နဲ့ Miss Grand US Virgin Islands နိုင်ငံတွေတရားဝင် နုတ်ထွက်ကြောင်း အသိပေးလာတာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ Crown လည်း လွှဲစရာမလိုသလို Crown လည်း ယူလာမှာမဟုတ်ပါဘူး။ သူတို့နဲ့လည်း ဆက်ပြီးတော့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ အကုန်လုံးပေါ့။ ထပ်ပြီးလည်း ပတ်သက်စရာမရှိသလို ဒီ Miss Grand International ပြိုင်ပွဲကြီး ဆက်ပြိုင်ကြတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အပင်ပန်းခံပြီးတော့ လုပ်ခဲ့တယ်။ နောက်တစ်ခုက Country’s Power of The Year မှာ ဒီအဘိုးကြီးကိုတော့ Miss Grand Page ကို Follower လုပ်ပေးခဲ့တာ။ နောက်ဆုံးရသွားတော့ သူတို့ ထိုင်းအလှမယ်ပဲ ပြန်ရသွားတယ်။ ဒီအထိလည်း ကျွန်တော် နားလည်သေးတယ်။ ဘာလို့နားလည်ပေးလည်းဆိုတော့ ကလေးကို ဆုပေးမှာမို့ Country’s Power of The Year ကို သူတို့အတွက် ထားလိုက်တော့။ နောက် National Costume ကို Voting No.1 ရထားတာကို မရလိုက်ဘူး။ တန်ကြေးမရှိတဲ့ Crown ကို ဘာကိစ္စယူလာရမှာတုန်း။ Miss Grand Myanmar တန်ဖိုးလောက်တောင် မရှိတဲ့ ဒီ ဘတ် ၈၀၀ ပေးဝယ်ထားတဲ့ Crown ကို ယူလာမှာမဟုတ်ပါဘူး။ ဒီအဘိုးကြီးနားနေပြီး ဒီအဘိုးကြီးရောင်းခိုင်းတဲ့ပစ္စည်းတွေ ဘာလို့ရောင်းရမှာတုန်း။ ကိုယ်တွေ နိုင်ငံကို မျိုးစုံလုပ်လာတာလေ။ ကျွန်တော်တို့နိုင်ငံက မရှုံးဘူးလို့ ပြောချင်တယ်။ နံပါတ် ၁ Country’s Power of The Year မရဘူး။ National Costume နံပါတ် ၁ နဲ့ ရထားတာ သူတို့ကိုယ်တိုင်လည်း ကြေညာထားတာ သူတို့ပေးမသွားဘူး။ ကျွန်တော့်ကို လုပ်စားသွားတယ်။ ဒေါ်လာ ၂ သောင်းခွဲလာတောင်းတယ်။ ပို့ပေးလိုက်တယ်။ ကျွန်တော်တို့ Crown ဝယ်တာမဟုတ်ဘူး။ Vote လိုက်တာပါ။ လက်ခံသင့်တဲ့ Result မလုပ်လို့ လက်မခံဘူး။ ဘာမဟုတ်တဲ့ Crown ကို ဘာကိစ္စမှ စာချုပ်ချုပ်စရာမလိုပါဘူး”လို့ Miss Grand International National Director ကိုထူးအံ့လွင်က ပြောပါတယ်။

Miss Grand Hong Kong ကတော့ ပြိုင်ပွဲမတိုင်ခင် ခြေထောက်ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့တာလည်း ဖြစ်သလို Miss Grand Ukraine ကလည်း ပြိုင်ပွဲမဝင်မီထဲက တရားဝင် နုတ်ထွက်ကြောင်း အသိပေးခဲ့တာလည်းဖြစ်ပါတယ်။

#ThaeSuNyein #MGI2024 #MGI

MissGrandInternational #MissGrandInternational2024

#INDIA 🇮🇳 #Philippines🇵🇭  #Myanmar🇲🇲

#Mexico 🇲🇽 #USVirginIslands 🇻🇮

#Colombia 🇨🇴 #Cambodia 🇰🇭

#Ukraine 🇺🇦 #HongKong 🇭🇰 #Norway 🇳🇴

Leave a Reply

Your email address will not be published. Required fields are marked *