October 28, 2024

၂၆.၁ဝ.၂ဝ‌၂၄
Written by K Pyay Thein

MNA မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ ပြည်တွင်းခရီးစဉ်အသစ်ဖြစ်တဲ့ ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေးခရီးစဉ်ကို အောက်တိုဘာလ၂၇ ရက်နေ့ကစလို့ အချိန်ပြောင်းလဲ ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။

အဲ့ဒီ ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့မှာ ရန်ကုန်ကနေ နံနက် ၁၁ နာရီခွဲမှာ ထွက်ခွာ‌ပေးမှာဖြစ်ပြီး ပုသိမ်လေဆိပ်ဆီ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်မှာ ရောက်ရှိမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ပုသိမ်ကနေ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်မှာ ပြန်လည်ထွက်ခွာပြီး ညောင်ဦးလေဆိပ်ဆီ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်မှာရောက်ရှိမှာဖြစ်သလို ညောင်ဦးကနေ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်မှာ ပြန်လည်ထွက်ခွာကာ မန္တလေးလေဆိပ်ကို မွန်းလွဲ ၃ နာရီမှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တနင်္လာနေ့အတွက် မန္တလေး- ညောင်ဦး – ပုသိမ် – ရန်ကုန်ခရီးစဉ်ကိုတော့ မန္တလေးကနေ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ မှာထွက်ခွာပေးမှာဖြစ်ပြီး ညောင်ဦးလေဆိပ်ဆီ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်မှာ ရောက်ရှိမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ညောင်ဦးလေဆိပ်ကနေ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်မှာထွက်ခွာပြီး ပုသိမ်လေဆိပ်ကို ညနေ ၄ နာရီ ၅၅ မိနစ်မှာရောက်ရှိမှာဖြစ်ပါတယ်။ ထို့နောက် ပုသိမ်လေဆိပ်ကနေ ညနေ ၅ နာရီ ၁၀ မိနစ်မှာ ပြန်လည်ထွက်ခွာပေးပြီး ရန်ကုန်သို့ ညနေ ၅ နာရီ မိနစ် ၅၀ မှာရောက်ရှိမှာဖြစ်တယ်လို့ MNA လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ်တွေအတွက် သတ်မှတ်ထားတဲ့ လေယာဉ်လက်မှတ်ခနှုန်းထားတွေကတော့ ရန်ကုန်ကနေ ပုသိမ်သို့ ၁၆၀၀၀၀ ကျပ်၊ ပုသိမ်ကနေ ညောင်ဦးသို့ ၂၈၀၀၀၀ ကျပ်၊ မန္တလေးကနေ ညောင်ဦးသို့ ၂၀၀၀၀၀ ကျပ်၊ ရန်ကုန်က‌နေ ညောင်ဦးသို့ ၂၉၀၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

Photo – MNA

#MNAလေကြောင်းလိုင်း #ခရီးစဉ်အသစ်

#အချိန်ပြောင်းလဲ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *