October 25, 2024

၂၅.၁၀.၂၀၂၄
Written By Thandar

ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့ ည ၇ နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ MGI Hall (Bravo Bkk) မှာ ကျင်းပခဲ့တဲ့ Miss Grand International 2024 ပြိုင်ပွဲကြီး Grand Final မှာ Miss Grand အိန္ဒိယနိုင်ငံကိုယ်စားပြုအလှမယ်က Winner ဆုကို ဆွတ်ခူးရရှိခဲ့ပြီး မြန်မာကိုယ်စားပြုအလှမယ် သဲစုညိမ်းက 2nd Runner Up ဆုသာ ရရှိခဲ့ပါတယ်။

Top 5 စာရင်းကို Miss Grand ဖိလစ်ပိုင်၊ Miss Grand မြန်မာ၊ Miss Grand ဘရာဇီး၊ Miss Grand အိန္ဒိယ၊ Miss Grand ပြင်သစ်တို့က စာရင်းဝင်ရောက်ခဲ့ကြပါတယ်။

အဆိုပါ ပြိုင်ပွဲကြီးရဲ့  Winner ဆုကို Miss Grand အိန္ဒိယနိုင်ငံကိုယ်စားပြုအလှမယ်၊ 1st Runner Up ကို ဖိလစ်ပိုင်နိုင်ငံ အလှမယ်၊ 2nd Runner Up ကို မြန်မာအလှမယ် ၊ 3rd Runner Up ပြင်သစ်အလှမယ် ၊ 4th Runner Up Miss Grand ဘရာဇီးအလှမယ်တို့က ရရှိခဲ့ပါတယ်။

အဆိုပါ Miss Grand International 2024 Grand Final ပြိုင်ပွဲကို မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ Fan တွေက အားပေးပွဲကိုတော့ ယခု ရန်ကုန်မြို့ Kantharyar Shopping Centre ရှိ Rangoon Cineplex ရုပ်ရှင်ရုံမှာ တခဲနက်အားပေးလျက်ရှိပါတယ်။

Country’s Power of the Year ဆုကို ထိုင်းအလှမယ် Miss Grand Thailand က ရရှိသွားပါတယ်။ Miss Popular Award ဆုကို Miss Grand အင်ဒိုနီးယားအလှမယ်က ရရှိခဲ့ပါတယ်။ Best National Costume ဆုကိုတော့ Miss Grand ဘရာဇီး ၊ Miss Grand အီကွေဒေါနဲ့ Miss Grand Honduras တို့က ရရှိခဲ့ပါတယ်။

Title Award တွေအနေနဲ့ Best in Evening Gown ဆုကို Miss Grand Ghana ၊ Golden Grand Award ဆုကို Miss Grand ဂျပန်၊ Grand Voice Award ဆုကို Miss Grand Trinidad and Tobago ၊ Runner Up Grand Voice Award ဆုကို Miss Grand နယ်သာလန်စတဲ့ သူတွေ နိုင်ငံကိုယ်စားပြု ဆုတွေရရှိခဲ့ပါတယ်။

Miss Grand International 2023 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ် နီနီလင်းအိမ် က 1st Runner Up ဆုကို ရရှိခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ အလှမယ် သဲစုညိမ်း က 2nd Runner Up ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *