October 25, 2024

၂၅.၁၀.၂၀၂၄
Written By Thandar

ယနေ့ အောက်တိုဘာ ၂၅ရက် ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ MGI Hall (Bravo Bkk) မှာကျင်းပခဲ့ရာ Miss Grand International 2024 ပြိုင်ပွဲကြီးမှာ Country’s Power of the Year ဆုကို ထိုင်းအလှမယ် Miss Grand Thailand က ရရှိသွားပါတယ်။

Top 10 စာရင်းမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် Miss Grand Myanmar 2024 အလှမယ်သဲစုညိမ်းက ဝင်ရောက်ခဲ့တာဖြစ်ပြီး Country’s Power of the Year ဆုကနေ ကပ်ပြုတ်သွားခဲ့တာလည်းဖြစ်ပါတယ်။

Top 10 စာရင်းမှာ Miss Grand Indonesia၊ Miss Grand France၊ Miss Grand Myanmar၊ Miss Grand Peru၊ Miss Grand Spain၊ Miss Grand United Kingdom၊ Miss Grand india၊ Miss Grand Brazil၊ Miss Grand Dominican Republic၊ Miss Grand Philippines တို့ဝင်ရောက်ခဲ့ပါတယ်။

Miss Popular Award ဆုကိုတော့ အင်ဒိုနီးရှားအလှမယ် Miss Grand Indonesia က ရရှိခဲ့ပါတယ်။ Best National Costume ဆုကိုတော့ Miss Grand ဘရာဇီးအလှမယ်၊ Miss Grand အီကွေဒေါ အလှမယ် Ecuador နဲ့ Miss Grand အလှမယ် Honduras အလှမယ်တို့က ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *