October 25, 2024

၂၅. ၁၀. ၂၀၂၄
Written by Nay Moe

အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ မအေးမာထွန်းကို ပျူစောထီးလို့ စွပ်စွဲပြီး လမ်းမအလယ်မှာ ဝိုင်းဝန်းရိုက်နှက် ဒူးထောက်ထိုင်ခိုင်းကာ သေနတ်နဲ့ပစ်သတ်ခဲ့ကြတဲ့ တမူး PDF တပ်ရင်း (၄) ရဲ့ ကာကင်း စီးနင်းခံရပြီး PDF သုံးဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နမွန်းတားကျေးရွာက တမူး PDF တပ်ရင်း (၄) ရဲ့ ကာကင်းကို အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက ချေမှုန်းစီးနင်းမှုကြောင့် တမူး တပ်ရင်း (၄) က PDF တပ်စိတ်မှူး အပါအဝင် သုံးဦး သေဆုံးခဲ့ရတာလို့လည်း သိရပါတယ်။

သေဆုံးသွားတဲ့ တမူး PDF သုံးဦးက တပ်စိတ်မှူးသော်ဇင်ထွန်း (၂၃ နှစ်)၊ ပိုင်ပိုင် (၁၉ နှစ်) နဲ့ ကျော်သီဟအောင် (၁၈) နှစ်တို့ဖြစ်ပြီး ကျော်သီဟအောင်ကတော့ အသက်မပြည့်ခင်ကတည်းက တမူး PDF တပ်ရင်း (၄) ရဲ့ စစ်သားစုဆောင်းမှုခံထားရတဲ့ ကလေးစစ်သားဖြစ်ပြီး အောက်တိုဘာ ၂၃ ရက် တိုက်ပွဲမှာတော့ သေဆုံးသွားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *