October 25, 2024

၂၅.၁၀.၂၀၂၄
Written by KL

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူဉာဏရပ်ကွက်၊ ဂန္ဓမာလမ်းရှိ ရေမြောင်းတွင် ပလုံကောက်သော ဇနီးသည် ဓာတ်လိုက်နေသဖြင့် ဆင်းကယ်သောခင်ပွန်း ဓာတ်လိုက်သေဆုံးခဲ့မှု အောက်တိုဘာလ ၂၅ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သည့် ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရေမြောင်းတွင် လျော့ကျနေသော ဓာတ်ကြိုးကို ဇနီးဖြစ်သူက ထိမိသဖြင့် ဓာတ်လိုက်နေချိန် ခင်ပွန်းက ဝါးလုံးဖြင့် ဆင်းကယ်ရာမှ အမျိုးသမီးမှာ လွတ်မြောက်သွားသော်လည်း အမျိုးသားမှာ ဝမ်းဗိုက်ဒဏ်ရာဖြင့် သေဆုံးခဲ့​သည်။

“အမျိုးသမီးက ရေထဲဆင်းချိန် ဖိနပ်စီးထားလို့ လွတ်သွားပေမယ့် အမျိုးသားက အောက်ဆင်းတဲ့အချိန်မှာ ဖိနပ်မပါတော့ ဓာတ်လိုက်ပြီး ဆုံးသွားတာလို့ သိရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဓာတ်လိုက်သေဆုံးခဲ့သော အသက် ၃၀ ဝန်းကျင် အမျိုးသား ၏ ရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပြီး လူမမယ်ကလေးနှင့်အတူ ကျန်ရစ်ခဲ့သော ဇနီးသည်ကို ကျပ်နှစ်သိန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *