October 25, 2024

၂၅.၁၀.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်မှုများစွာ ဆယ်စုနှစ်များစွာ ရရှိထားတဲ့ သရုပ်ဆောင် ခရစ္စတီးနားကတော့ ချစ်သူကောင်လေးရဲ့ လက်ထပ်ခွင့်တောင်းခံမှုကို လက်ခံလိုက်ပြီဖြစ်ပါတယ်။

“ချစ်ခြင်းမေတ္တာတွေ..ထပ်တူကျတဲ့အခါ…..”I said “YES” to forever….”လို့ သရုပ်ဆောင် ခရစ္စတီးနားက ပရိသတ်ကို အသိပေးလိုက်ပါတယ်။

သူမကို ချစ်သူက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီဖယ်လ်မျှော်စင်ကြီးရှေ့မှာ လက်ထပ်ခွင့်တောင်းခံခဲ့တာလည်းဖြစ်ပါတယ်။ ခရစ္စတီးနားက ချစ်သူကောင်လေး မျက်နှာကိုတော့ ပရိသတ်ကို အသိမပေးသေးဘဲ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှာ ချစ်သူက လက်ထပ်ခွင့်တောင်းဆိုမှုကို ချပြလာတာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် ခရစ္စတီးနားကတော့ နှစ်အတော်ကြာ အနုပညာအလုပ်တွေနဲ့ဖြတ်သန်းနေသူလည်းဖြစ်ပြီး လက်ရှိမှာဖြစ်ရပ်ဆန်းကြယ်ဇာတ်လမ်းပုံစံ “အာဂမင်းဂေါင်” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် စစ်နိုင်၊ ရွှေပိုးအိမ်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်ပါတယ်။

#ခရစ္စတီးနား

#CristAyeMyat #MyanmarActress #MyanmarCele

#MyanmarCeleRelationship

Leave a Reply

Your email address will not be published. Required fields are marked *