October 25, 2024

၂၅.၁၀.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ သီးသန့်(၁)လမ်းထိပ်၊ သဘာဝရေကန်တွင် အောက်တိုဘာလ ၂၄ ရက် ည ၇ နာရီခန့်က အမျိုးသား သုံးဦး ရေဆင်းကူးရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ် ဦးသိန်းသန်းအောင်ဖြစ်ပြီး အမှတ် (၁)ရပ်ကွက်၊ ဘီအမ် (၂)လမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ရေနစ်ကာပျောက်ဆုံးနေသော ဦးသိန်းသန်းအောင်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းတို့မှအသင်းဝင်များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းရှာဖွေရာ မိနစ် ၄၀ အကြာတွင် သေဆုံးနေသော ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။

ရေနစ်သေဆုံးသော အမျိုးသားရုပ်အလောင်းကို အမှတ် (၂၈)ရပ်ကွက်မှ လူမှုကူညီရေးအသင်းယာဥ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *