October 25, 2024

၂၅. ၁၀. ၂၀၂
Written by Tha Doe

ဒေါ်လာစျေးကစားပြီး ရွှေစျေးကို တစ်ကျပ်သား သိန်း ၁၀၀ အထိ ဆွဲတင်မည်ဟု ဖြန့်ဝေနေသည့် ကောလာဟလများကို မယုံကြည်ရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ယနေ့တွင် အသိပေးချက်ထုတ်ပြန်ထား သည်။

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးတက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း တက်လာသလို တရုတ်ပြည်နယ်စပ်ဂိတ်များ ပိတ်ခြင်းကိုအကြောင်းပြုပြီး ဒေါ်လာဈေးကစားမှုများပြုလုပ်လျက်ရှိသည်ဟု YGEA က ပြောသည်။

ထို့အတွက် ဒေါ်လာဈေးကို ယနေ့တွင် ကျပ် ၄၇၅၀ အထိ ဆွဲတင်ပြီး ရွှေဈေးကို မြှင့်တင်လျက်ရှိသလို တချို့သော Online ကွန်ရက်များမှလည်း ဒေါ်လာဈေး မတက်လျင် ရွှေဈေး သိန်း(၈၀)၊ ဒေါ်လာဈေးတက်လျှင် ရွှေဈေး သိန်း(၁ဝဝ) ဖြစ်မည် ဆိုသော ကောလဟာလသတင်းများကို လွှင့်ထုတ်ပြီး ရွှေဈေးအား ဆွဲတင်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ကောလာဟလသတင်းများကို ယုံကြည်ပြီး အရောင်းအဝယ် မပြုလုပ်ကြပါရန်နှင့် ရွှေဈေးအား ထိန်းထိန်းသိမ်းသိမ်း ရောင်းဝယ်ကြပါရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ အသိပေးပန်ကြားထားသည်။

ပြည်တွင်းရွှေစျေးသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း တစ်ကျပ်သား ကျပ်သိန်း ၈၀ ကျော်အထိမြင့်တက်အောင် စျေးကစားခံခဲ့ရပြီးနောက် ကျပ်သိန်း ၆၀ ကျော်သို့ ပြန်လည်ကျဆင်းခဲ့သလို ဒေါ်လာစျေးသည်လည်း တစ်ဒေါ်လာ ကျပ် ၇၅၀၀ ဝန်းကျင်သို့ မြင့်တက်ခဲ့ဖူးသော်လည်း ယခုကာလတွင်မူ ကျပ် ၄၅၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းနေသဖြင့် စျေးကစားလိုသူများက ယခင်အမြင့်ဆုံးရောက်ခဲ့သည့် စျေးနှုန်းများသို့ ပြန်လည်ဆွဲတင်ရန် လူထုအကြား ကောလာဟလများ ဖြန့်ဝေ စျေးဆွဲတင်နေကြခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *