October 25, 2024

ပုံစာ။ Dr Nay Soe Maung အကောင့်တွင် ဖော်ပြထားမှုအချို့နှင့် ဖမ်းဆီးထားကြောင်း အတည်ပြုစာ (Photo - Dr Nay Soe Maung Facebook)

၂၅. ၁၀. ၂၀၂၄
Written by Nay Moe

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Dr Nay Soe Maung” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ဒေါက်တာ နေစိုးမောင်အား ညနေ ၆ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့သည်ဟု ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွင် အတည်ပြုဖော်ပြထားသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပြီး ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅ဝ၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့် “Dr Nay Soe Maung” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ဒေါက်တာ နေစိုးမောင်အား ညနေ ၆ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ တရား ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့သည်ဟုလည်း ဖော်ပြပါရှိသည်။

ထိုကဲ့သို့ CRPHI NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Dr. Nay Soe Maung အကောင့်ပိုင်ရှင်သည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားမက်တော်စပ်သူဟုလည်း လူမှုကွန်ရက်တွင် လူသိများပြီး လက်ရှိ Facebook ပေါ်တွင်မူ အောက်တိုဘာ ၁၁ ရက်နောက်ပိုင်းပို့စ်များမရှိတော့ဘဲ အောက်တိုဘာ ၇ ရက်နှင့် အောက်တိုဘာ ၉ ရက်တွင်မူ ပြီးခဲ့သည့်ရက်ပိုင်းက သေဆုံးသွားသည့် NLD ဒုဥက္ကဋ္ဌဟောင်းနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အတွက် ဝမ်းနည်းသည့်ပို့စ်များတင်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ဒေါက်တာဇော်မြင့်မောင်သည် အဂတိလိုက်စားမှုနှင့် မဲမသမာမှုများဖြင့် ထောင်ဒဏ် ၂၉ နှစ်ကျခံခဲ့ရသူဖြစ်သော်လည်း ၂၀၂၄ ခုနှစ် ဇွန်လကတည်းက သွေးကင်ဆာရောဂါဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခွင့်ရနေသူဖြစ်ကာ အကျဥ်းထောင်မှ လွတ်ငြိမ်းချမ်းသာရအပြီး တစ်ရက်အကြာ အောက်တိုဘာ ၇ ရက်တွင် သွေးကင်ဆာရောဂါဖြင့်ပင် သေဆုံးခဲ့သူဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *