October 24, 2024

၂၄.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပွားနေသော ဆိုင်ကလုန်းမုန်တိုင်း ဒါနာ ကြောင့် ရေလှိုင်းလုံးများ မြင့်တက်လာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇာမြို့ရှိ ရေတပ်ဆိပ်ခံဗောတံတားတစ်ခုမှာ နှစ်ပိုင်းကွဲထွက်၍ ပြိုလဲခဲ့ကြောင်း သိရသည်။

သို့ရာတွင် ဒေသခံပြည်သူများကမူ ထိုအဖြစ်အပျက်က ဆိုင်ကလုန်း ဒါနာ ချဉ်းကပ်လာသည့်အတွက်ကြောင့် ဟုတ်ပါမည်လောဟု သံသယရှိနေကြကြောင်း သိရသည်။ ဆိပ်ခံဗောတံတား ပျက်စီးခဲ့ရမှုကြောင့် စိန့်မာတင်ကျွန်းသို့ ခရီးသွားရန်ခက်ခဲသည့် အခြေအနေလည်း ဖြစ်ခဲ့ရသည်။

အောက်တိုဘာလ ၂၄ ရက်တွင် နာဘဟီခရိုင်ခွဲ အုပ်ချုပ်ရေးအရာရှိ တမ်ဗီယာ ဟော့စိန် က ဆိပ်ခံဗောတံတား ပြိုလဲခဲ့မှုကို အတည်ပြုခဲ့သည်။ ၎င်းက ပြိုလဲရခြင်း၏အကြောင်းရင်းကို တိတိကျကျပြောနိုင်ရန် ဆောင်ရွက်နေကြောင်းလည်းပြောခဲ့သည်။

ဆိပ်ခံဗောတံတား ပြိုလဲရမှုက အောက်တိုဘာလ ၂၄ ရက်၊ နံနက် ၃ နာရီခန့်တွင် လှိုင်းများအမြင့်ဆုံး တက်လာချိန်၌ ဗောတံတားတွင် ချည် ထား သော ဝမ်းပြားရေယာဉ်တစ်စင်းက ၎င်းနှင့်တိုက်မိပြီးနောက် ပြိုလဲခဲ့ခြင်းဟုဆိုသည်။

ဒေသခံများကမူ ရေယာဉ်က လေတိုက်ခတ်၍ ပြင်းထန်စွာတွန်းထိုးခံရပြီးနောက် ထိုအချိန်တွင် ကျယ်လောင်လှသော အသံများကိုလည်း ၎င်းတို့ကြားခဲ့သည်ဟု ဆိုကြသည်။

ဆိပ်ခံ‌ဗောတံတားကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အစိုးရလက်ထက်တွင် နိုင်ငံတကာ ရေတပ်လေ့ကျင့်ခန်းအတွက် ၂၀၂၀ ပြည့်နှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတည်ဆောက်မှုက ရှည်လျားသော သဲသောင်ကမ်းခြေကို ပျက်စီးစေသည်ဆိုကာ ထိုစဉ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးသမားများက ဆန္ဒပြခဲ့ကြသည်။

၂၀၂၂ ခုနှစ်တွင် ကော့စ်ဘဇာမြို့ Citizen Forum က အထက်လွှတ်တော်သို့ ထိုဆိပ်ခံ‌ဗောတံတားကို ဖျက်ရန်စာတင်ခဲ့ပြီးနောက် အထက်လွှတ်တော်ကလည်း ဆိပ်ခံ‌ဗောတံတားအားဖျက်သိမ်းရေး အမိန့်ချခဲ့သည်။

သို့သော် ၂၀၂၃ ခုနှစ်မှစ၍ ကမ္ဘာလှည့်ခရီးသွားရေယာဉ်များက ထို ဆိပ်ခံ‌ဗောတံတားကို အသုံးပြုလျက် စိန့်မာတင်ကျွန်းသို့ ခရီးသွားခဲ့ကြသည်။ သင်္ဘောပို့ဆောင်ရေးကုမ္ပဏီများက နိုဝင်ဘာလ ၁ ရက်ဆိုလျှင် စိန့်မာတင်ကျွန်း ခရီးစဉ်များပြေးဆွဲရန်လည်း ပြုလုပ်နေကြသည်။

Ref-Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *