၃. ၁၀. ၂၀၂၂
Written by Nay Moe
PDF များက Drone တွင် လက်လုပ်ဗုံးများချိတ်ဆွဲတိုက်ခိုက်မှုများပြုလုပ်နေမှုကို တုံ့ပြန်ရန် Anti Drone Gun များ ဖြည့်တင်းနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြိမ် ၂၀ မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပြီးနောက် PDF အဖွဲ့များ၏ Drone များ ပစ်ချခံရမှုများပြားလာနေသည်ဟု PDF များထံမှ သိရသည်။
”ကျွန်တော်တို RTGF (Khin U) အဖွဲ့ရဲ့ အားထားရသော Drone နှစ်စီးလုံး ရန်သူများရဲ့ ပစ်ချခြင်းခံခဲ့ရသည့်အတွက် ဆက်လက်တိုက်ပွဲဝင်ရန် အခက်အခဲများစွာရှိသည့်အတွက် Mission များရပ်နားထားခဲ့ရပါသည်”ဟု Royal Tiger Guerrilla Force အဖွဲ့က ယင်းတို့၏ တိုက်ခိုက်မှုများ ရပ်နားကြောင်း အောက် တိုဘာ ၃ ရက်တွင် အသိပေးပြောခဲ့သည်။
NUG ၏ Drone တပ်ဖွဲအတွက် Project Skywalk အတွက် ဒေါ်လာလေးသိန်းကျော်အလှုခံရထားသော်လည်း ခင်ဦးအခြေစိုက် Drone အဖွဲ့ ၇ဖွဲ့ မှာ ရန်ပုံငွေနည်းလာ၍ ယာယီရပ်နားလိုက်ရသည်ဟု DUGF(KU Dragon)အဖွဲ့က စက်တင်ဘာ ၂၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ၇ ဖွဲ့မှာ ခင်ဦးမြို့နယ် အခြေစိုက် Drone တပ်ဖွဲ့များဖြစ် သော DUGF(KU Dragon)၊ Wolf Guerrilla(Ye-U)၊NAA-DF၊ Burmese Revolution Youth (BRY)၊ FIRE DRAGON (Khin-U) ၊Northern Tigers Group (NTG)နှင့် FUTURE HERO စသည့် Drone အဖွဲ့များဖြစ်ပြီး ပျက်စီး ဆုံးရှုံးမှုများပြားလာ၍ တိုက်ပွဲဝင်ရန် ရန်ပုံငွေအခက်အခဲကြောင့် ယာယီ ရပ်နားရခြင်းဖြစ်ကြောင်း DUGF(KU Dragon) အဖွဲ့က အသိပေးသည်။
Drone အဖွဲ့၇ ဖွဲ့အနေဖြင့် တိုက်ပွဲပေါင်း ၁၀၆ကြိမ်တိုက်ခိုက်ခဲ့ပြီး ကာလတန်ဖိုး သိန်း ၃၇၀ ခန့်တန်သည့် ဒရုန်း ၁၁ စီး ဆုံးရှုံးခြင်း၊ Air bomb ၁၇၀ လုံးအတွက် ၁၂၃ သိန်း၊ Air Drop အတွက် ကုန်ကျငွေ ၂၈ သိန်းတိတိ ကုန်ကျခဲ့ပြီး တိုက်ပွဲတစ်ပွဲသွားလျှင် ဆိုင်ကယ်ဆီဖိုးနှင့်အတူ ကုန်ကျငွေ လေးသိန်းနှင့် ငါးသိန်းကြားရှိကြောင်းလည်း DUGF(KU Dragon)အက အသိပေးခဲ့သည်။