October 24, 2024

၂၄.၁၀.၂၀၂၄
Written By Thandar

အလှမယ် သဲစုညိမ်း ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ Miss Universe International 2024 ရဲ့ Miss Popular Vote မှာ မြန်မာကိုယ်စားပြုအလှမယ်က ၂၇ ရာခိုင်နှုန်းနဲ့ နံပါတ် ၃ နေရာ ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

လက်ရှိ Miss Popular Vote အနေနဲ့ ဗီယက်နမ်အလှမယ်က ၂၉ ရာခိုင်နှုန်း၊ အင်ဒိုးနီးရှား အလှမယ်က ၂၇ ရာခိုင်နှုန်း၊ မြန်မာအလှမယ်က ၂၇ ရာခိုင်နှုန်း၊ ပြင်သစ်၊ ဂျာမနီ၊ နိုင်ဂျီးရီးယား၊ ဆွတ်ဇာလန်၊ ဂွါတီမာလာ အလှမယ်တွေက ၁ ရာခိုင်နှုန်းနဲ့ စာရင်းတွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲက အရှိန်ပြင်းလာတာနဲ့အမျှ Vote မဲပေးမှုသူတွေက အလှမယ်ပြိုင်ပွဲ Miss Universe International 2024 ရဲ့ Final မှာ Top 10 စာရင်းကို ဝင်ရောက်ဖို့ အခွင့်အလမ်းတွေ ရရှိမှာလည်း ဖြစ်ပါတယ်။ ပရိသတ်ချစ်ခင်အားပေးမှု Vote များသူကလည်း Miss Popular Award ဆုကို ရရှိမှာလည်းဖြစ်ပါတယ်။

Country’s Power of The Winner က Top 20 မှာ အလိုအလျောက်နေရာတစ်ခုရရှိဖို့ အတွက်လည်း Miss Grand International ရဲ့ Instagram အကောင့်ကနေ Follow များသူစာရင်းမှာတော့ Miss Grand Myanmar နဲ့ Miss Grand Thailand တို့က ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးအတွက် Vote ပေးတဲ့ မဲစာရင်းကတော့ အောက်တိုဘာ ၂၅ ရက် ည ၈ နာရီမှာ မဲစာရင်းပိတ်မှာလည်း ဖြစ်ပါတယ်။

#သဲစုညိမ်း #ThaeSuNyein #MissGrandMyanmar2024 #MissMyanmar

#MissGrandInternational #MGI2024 #MGI

#MissGrandInternational2024

Leave a Reply

Your email address will not be published. Required fields are marked *