October 24, 2024

၂၄.၁၀.၂၀၂၄
Written By Thandar

အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်လာတဲ့ သရုပ်ဆောင် မေနွယ်ထွန်း@ဆွိရဲ့ ပထမဆုံး ကိုယ်ပိုင်သီချင်း “ထို အချစ်ကြောင့်” Music Vedio ကို ဘဝရဲ့အမှတ်တရအနေနဲ့ ထွက်ရှိသွားမယ်လို့ဆိုပါတယ်။

“ဆွိ သီချင်းလေးဝယ်ထားတာ ၂ နှစ်ကျော်သွားပါပြီ။ ဒီ သီချင်းဝယ်ထားတာကြာပြီ။ အဓိက ကိုယ်တိုင်ကလည်း သီချင်းကိုမြတ်နိုးသူဆိုတော့လေ။ သီချင်းဆိုတာလည်း အရမ်းဝါသနာပါတယ်။ မလုပ်ဖြစ်ဘူးပေါ့။ ကိုယ့်ဘဝရဲ့အမှတ်တရနေ့လေးအနေနဲ့ ဆိုမှာပါ။ သီချင်းလေးကလည်း ပရိသတ်နားစွဲလွယ်မယ့် သီချင်းလေးလည်းဖြစ်တယ်ဆိုတော့လေ။ မကြာခင်သီချင်းထွက်မှာပါ။ သီချင်းလေး ထွက်လာရင် အားပေးကြဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် မေနွယ်ထွန်းက ပြောပါတယ်။

အဆိုပါ တေးသီချင်းကိုတော့ တေးရေးအနေနဲ့ ကျော်သူအောင်က ရေးသားပြီးတော့ ဒါရိုက်တာ ဘုဏ်းဟန်က ဘန်ကောက်မှာ ရိုက်ကူးပုံဖော်ပေးထားတယ်လို့ သိရပါတယ်။

မေနွယ်ထွန်းကတော့ “ဗိုက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဧည့်သည် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ဝင်ခန်း နှစ်ဆင်းန်လောက်ကို ပါဝင်သရုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

“ကိုယ်တိုင်လည်း အနုပညာကို ချစ်တဲ့သူဆိုတော့ ဒီအလုပ်တွေကို လုပ်နေရရင် ပျော်ပါတယ်။ ကိုယ်တိုင်က မင်းသမီးဖြစ်ချင်တာတော့ မဟုတ်ပါဘူး။ ဆွိက သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ ဖြစ်ချင်တာပါ။ ကိုယ့် အားနည်းချက်ကိုလည်း ကိုယ်သိပါတယ်။ မင်းသမီးဆိုတာ ပြစ်မျိုးမထင်လှနေပြီးတော့ လှပကျော့ရှင်း အရပ်အမောင်းလည်းရှိရမယ်လေ။ ကိုယ်လည်း Single Mom ဖြစ်တော့ တစ်ချိန်လုံးအလှအပတွေ သ မနေနိုင်ပါဘူး။ ရတဲ့အလုပ်တွေလုပ်နေတာပါ”လို့ သူမက ဆက်ပြောပါတယ်။

#မေနွယ်ထွန်း@ဆွိ #MayNweHtun

#Sweet #MyanmarCele

MyanmarMusicVideo.

Leave a Reply

Your email address will not be published. Required fields are marked *