October 24, 2024

၂၄.၁၀.၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး(၁)ရပ်ကွက်၊ ပဲခူးမြို့ရှောင်လမ်းဘေးရှိ ဖားအောက်တောရကျောင်းတွင် အောက်တိုဘာလ ၂၃ ရက် မွန်းလွဲပိုင်းက ယောဂီအမျိုးသားကြီးတစ်ဦး ကြိုးဆွဲချ(ဆွဲကြိုးချ) သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၆၁ နှစ်အရွယ် ဦးကိုးမန်းတင်ဖြစ်ပြီး တရားအားထုတ်နေထိုင်သည့် တစ်ထပ်ဆောင်အခန်းတွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။

ယောဂီအမျိုးသားကြီးမှာ လွန်ခဲ့သော ၄ လခန့်မှစ၍ တရားအားထုတ်ရန်ရောက်လာခဲ့ခြင်းဖြစ်ပြီး မိသားစုကိစ္စဖြင့် စိတ်ညစ်နေသူဖြစ်ကြောင်း အနီးတွင်နေထိုင်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

“ယောဂီကြီးက အနေအေးတဲ့သူလို့လည်း သိရတယ်။ ဘေးခန်းမှာနေတဲ့ ယောဂီက ဆွမ်းခံဖို့အတွက် သွားခေါ်တဲ့အချိန်မှာ ကြိုးဆွဲချသေဆုံးနေတာကို တွေ့တာ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ယောဂီအမျိုးသား ကြိုးဆွဲချသေဆုံးမှုနှင့်ပတ်သက်၍ အမှတ်(၂)နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဥ် ဖွင့်လှစ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *