October 23, 2024

၂၃.၁၀. ၂၀၂၄
Written by Shwe Phyo

မလေးရှားရှာဖွေကယ်ဆယ်ရေးအဖွဲ့ (SAR)များသည် မြစ်အတွင်းပြုတ်ကျကာ ပျောက်ဆုံးနေသည့် မြန်မာ နိုင်ငံသားသင်္ဘောသားတစ်ဦးကို ရှာဖွေခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။

အောက်တိုဘာ ၂၂ရက်နေ့တွင် မြန်မာနိုင်ငံသားတစ်ဦး မြစ်အတွင်း ပြုတ်ကျခဲ့သည်ဆိုသော သတင်းကို လက်ခံရရှိခဲ့ပြီးနောက် မလေးရှားရှာဖွေကယ်ဆယ်ရေးအဖွဲ့ (SAR)က ရှာဖွေခြင်းများ လုပ်ဆောင်ခဲ့သော်လည်း လက်ရှိအချိန်အထိ တွေ့ရှိခြင်းမရှိသေးကြောင်း မလေးရှားသတင်းများတွင် ဖော်ပြထားသည်။

မြစ်အတွင်းပြုတ်ကျခဲ့သူသည် အသက် ၄၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဦးမင်းဝေလင်း ဆိုသူဖြစ်ပြီး Taman Susur Jambu ဆိပ်ကမ်းအနီးရှိ ဆိပ်ခံတံတားနားတွင် ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားရှာဖွေကယ်ဆယ်ရေးအဖွဲ့က “အဖွဲ့ဝင် ၂၆ ဦးနဲ့ ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသားကို ရှာဖွေနေတယ်။ မြစ်အတွင်းပြုတ်ကျခဲ့တဲ့ နေရာကနေ ၅ ကီလိုမီတာ အတွင်းမှာ ရှာဖွေနေတာဖြစ်တယ်” ဟုပြောသည်။

ကူချင်းမြို့မှလာသော သင်္ဘောတစ်စီးသည် အောက်တိုဘာ ၂၂ ရက် နံနက် ၆ နာရီကျော်တွင် Taman Susur Jambu ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသလို ထိုသင်္ဘောပေါ်မှ မြန်မာသင်္ဘောသားပြုတ်ကျခဲ့မှုဖြစ်စဥ်အပေါ် မလေးရှား မီးသတ်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က” ဆိပ်ခံတံတားကို သင်္ဘော မရောက်ခင်တည်းက သင်္ဘောသားနှစ်ဦးဟာ သင်္ဘောပေါ်မှာလိုက်ပါတဲ့ ဝန်ထမ်းတစ်ဦး မြစ်ထဲကျခဲ့တာကို သင်္ဘောကပ္ပတိန်ကို သတင်းပေးခဲ့တယ်။ သင်္ဘော ဝန်ထမ်းတွေဟာ အသက်ကယ်အင်္ကျီတွေ အပါအဝင်အခြား အသက်ကယ်ပစ္စည်းတွေ အသုံးပြုပြီး မြစ်ထဲကျသွားတဲ့ မြန်မာနိုင်ငံသား သင်္ဘောသားကို ရှာဖွေဖို့ ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့်မအောင်မြင်ခဲ့ဘူး၊” ဟုဆက်လက်ပြောသည်။

REf theborneopost

Leave a Reply

Your email address will not be published. Required fields are marked *