October 23, 2024

၂၃.၁၀.၂၀၂၄
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၈လမ်း၊ ၃၄×၃၅လမ်းကြားရှိ နံကပ်၂ ထပ် ပျဥ်ခင်း Suger Monmmy Tea အရောင်းဆိုင်တွင် အောက်တိုဘာ၂၃ ရက် နံနက် ၇ နာရီ ၂၅ မိနစ်ခန့်က ဆိုလာမီးအသုံးပြု၍ ဒီဂျစ်တယ်မီးဖိုဖြင့် ရေနွေးအိုးတည်ရာမှ မီးဖိုအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မီးလောင်မှုမှာ ၁၅ မိနစ်ကျော်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၂ စီး၊ အုပ်ချုပ်မှုယာဥ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၆၀ ဖြင့် ငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုကြောင့် ကြမ်းခင်းနှင့် အရောင်းဆိုင်သုံး ကုန်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့သဖြင့် အသက်၂၆ နှစ်အရွယ် အမျိုးသမီးကို အမှတ် (၃)နယ်မြေရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

အလားတူ အောက်တိုဘာလ ၂၂ ရက် ည ၁၁ နာရီ ၂၉ မိနစ်ခန့်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၅×၁၀၆လမ်းကြားရှိ RC ၂ ထပ်တိုက်တွင် ခြင်ဆေးခွေထွန်းထားချိန် အနီးရှိ ဂျပ်ဖာကို မီးကူးစက်ရာမှ ၂ ထပ်တိုက်တစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သဖြင့် အိမ်ငှားနေထိုင်သူ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးကြီးကို အောင်ပင်လယ်နယ်မြေရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *