October 23, 2024

၂၃.၁၀.၂၀၂၄
Written by KL

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ၊ ကျောက္ကာကျေးရွာတွင် ကျောင်းသားအများစုလိုက်ပါလာသော စက်လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့မှုတွင် အောက်တိုဘာလ ၂၂ ရက်နေ့က ကလေးအများစုပါဝင်သော ရုပ်အလောင်း ၉လောင်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးဆောင် ရွက်ခဲ့သူများထံမှ သိရသည်။

ပြန်လည်ဆယ်ယူရရှိခဲ့သော ရုပ်အလောင်းများမှာ မမွှေးရတီမောင် (၄နှစ်)၊ မောင်ဘုန်းကိုကို(၅နှစ်)၊ မောင်အောင်ဇွဲပြည့်(၆နှစ်)၊ မသူသူစံ (၇နှစ်)၊ မောင်ကွန်းဆက်အောင်(၁၀နှစ်)၊ မောင်စွဲမက်အောင် (၁၃နှစ်)၊ မဂျုလှိုင်လင်း(၁၅နှစ်)၊ မမေသဇင်ဖူး(၁၆နှစ်)၊ မနှင်းအိကျော်(၁၇နှစ်)တို့ဖြစ်ကြောင်း ရှင်သန်ခြင်းပရဟိအသင်း(မြိတ်)ထံမှ သိရသည်။

လတ်တလောတွင် ရှာဖွေရေးလုပ်ဆောင်နေမှုများကို ရာသီဥတုအခြေအနေကြောင့် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေမှုရပ်နားခဲ့ပြီး နစ်မြုပ်နေသော စက်လှေကိုလည်း ပြန်မတွေ့သေးကြောင်း သိရသည်။

ထိုဖြစ်စဥ်မှာ အောက်တိုဘာ ၂ဝ ရက် ည ၁၀ နာရီခန့်က ကျောက္ကာရွာမှ မြိတ်မြို့အသွား ကျောင်းသားအများစု လိုက်ပါလာသော ပဲ့​​ထောင်စက်လှေ နစ်မြုပ်ခဲ့ရာ လိုက်ပါစီးနင်းသူ ၆၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အောက်တိုဘာလ ၂၁ရက်က ရုပ်အလောင်းများကို မြိတ်မြို့ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေခဲ့ရာ ရုပ်အလောင်း ၈ လောင်းကို ကနဦး တွေ့ရှိခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *