October 23, 2024

၂၃.၁၀.၂၀၂၄
Written By Thandar
 
ရတနာကျော်စိုး ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ Suspense ဇာတ်လမ်းပုံစံ “မ ရဲ့အေးခဲသွားကြသူများ ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကို ယနေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။

“ဒီဇာတ်ကားက မင်းသမီးလေးလက်နဲ့ မင်းသားလေးလက်ပါဝင်တယ်။ ဒီကားရဲ့ ဇာတ်လမ်းကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပေးခဲ့သူတစ်ယောက်ကိုတော့ ပြန်မတွေ့တော့ပါဘူး။ ကျွန်တော့်အနေနဲ့ ဇာတ်တွေ၊ အက်ရှင်ဇာတ်တွေ ရိုက်ကူးနေကြဖြစ်ပေမယ့် ခေတ်ကာလအရ အပြောင်းအလဲအနေနဲ့ Suspense လေးကို ရိုက်ချင်ခဲ့တာပါ။ သရုပ်ဆောင်တွေကို သေချာရွေးချယ်ခဲ့တယ်။ ရှေ့ကဖြတ်သွားတာနဲ့ လူတကာလှည့်ကြည့်မယ့် မင်းသမီးကို ရွေးချယ်ခဲ့လိုက်တာပါ။ လူသတ်သမားပုံစံလေးဆိုပေမယ့် သည်းထိတ်ရင်ဖိုဇာတ်လမ်းပါ။ ပရိသတ်အကြိုက်တွေ့စေမယ်လို့လည်း မျှော်လင့်မိပါတယ်”လို့ ဒါရိုက်တာ သီဟကျော်စိုးက ပြောပါတယ်။

အဆိုပါဇာတ်ကားကို ဇာတ်လမ်း အာကာ၊ ဇာတ်ညွှန်း မိုးနီလွင်တို့က ရေးသားထားပြီးတော့ ဒါရိုက်တာ သီဟကျော်စိုးက လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရိုက်ကူးပုံဖော်ခဲ့တာလည်းဖြစ်ပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ အောင်မင်းခန့်၊ ဥက္ကာမင်းမောင်၊ ထူးအောင်၊ ကောင်းစစ်သွေး၊ ချောကလျာနဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။

“မရဲ့အေးခဲသွားကြသူများ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာ ၂၅ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *