October 23, 2024

၂၃.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက်ကာမြို့မှာရှိတဲ့ ဒက်ကာတက္ကသိုလ်နဲ့ ဆက်သွယ်တည်ထောင်ထားတဲ့ ကောလိပ်ခုနစ်ခုမှ တက္ကသိုလ်ကျောင်းသားတွေက အောက်တိုဘာ ၂၃ ရက်မှာ ဒက်ကာမြို့မှာရှိတဲ့ ယာဉ်အသွားအလာများပြီး လူစည်ကားတဲ့ သိပ္ပံဓာတ်ခွဲခန်းလမ်းဆုံကို ပိတ်ဆို့ဆန္ဒပြခဲ့ကြတာကြောင့် နယ်မြေအတွင်း ယာဉ်အသွား အလာအားလုံး ရပ်တန့်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲကို ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲခန့်မှာစတင်ခဲ့ကြတာဖြစ်ပြီး ဆန္ဒပြကျောင်းသားတွေက ဒက်ကာကောလိပ်မှ စတင်ချီတက်ကာ လွတ်လပ်သောတက္ကသိုလ်တစ်ခုအဖြစ်ဖွဲ့စည်းတည်ရှိရေး ဖွဲ့စည်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

လမ်းတွေပေါ်မှာ စီတန်းလမ်းလျှောက်လာတဲ့ ဆန္ဒပြကျောင်းသားတွေက သူတိုရဲ့ အချက်သုံးချက်ပါတဲ့ တောင်းဆိုချက်ကို ၂၄ နာရီအတွင်း လိုက်လျောမှုပြုပေးဖို့လည်း ပြောခဲ့ကြပါတယ်။

တောင်းဆိုချက်တွေမှာ ဒက်ကာတက္ကသိုလ်နဲ့ ဆက်သွယ်တည်ရှိနေတဲ့ ကောလိပ်ခုနစ်ခုအတွက် တက္ကသိုလ်တစ်ရပ်တည် ထောင်ဖို့ ကော်မရှင်တစ်ရပ် ချက်ချင်းဖွဲ့စည်းပေးဖို့၊ ကော်မရှင်က အဆိုပြုချက်အကြမ်းတစ်ရပ်ကို ရက် ၃၀ အတွင်း ရေးဆွဲပေးဖို့နဲ့ နောက်အဆင့်တွေကို အကြမ်းဖျင်းဖော်ပြဖို့အပြင် တက္ကသိုလ် အသစ်ထူထောင်ပြီးတဲ့အထိ ဒက်ကာတက္ကသိုလ်ရဲ့ ဘယ်ဌာနကိုမှ လူပြည့်ကျပ်ပြီလို့ မပြုလုပ်ဖို့ အာမခံဖို့တို့ ပါဝင်ပါတယ်။

ဒီအပတ်အတွင်း အလားတူဆန္ဒပြမှုတစ်ရပ်ကို ကျောင်းသားတွေက သိပ္ပံဓာတ်ခွဲခန်းလမ်းဆုံနဲ့ Nilkhet လမ်းဆုံတို့မှာ ပြုလုပ်ခဲ့ကြအပြီး အောက်တိုဘာလ ၂၃ ရက်မှာ ထပ်မံပြုလုပ်ခဲ့ကြတာပါပဲ။ သူတို့က တောင်းဆိုချက်တွေကို လိုက်လျောတယ်ဆိုတာ ၂၄ နာရီအတွင်း အကြောင်းပြန်ဖို့နဲ့ မလိုက်လျောရင် ပိုမို ပြင်းထန်စွာဆောင်ရွက်မယ်လို့ ခြိမ်းခြောက်ရာဇသံပေးထားကြပါတယ်။

Ref- Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *