October 23, 2024

၂၃. ၁၀. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ ထိုင်းဘတ်သန်း ၁၅၀ နီးပါးနှင့် ဒေါ်လာ ၇ သန်းခွဲကျော် ထပ်မံထုတ်ရောင်းပေးခဲ့၍ နှစ်လကျော်အတွင်း ထိုင်းဘတ်သန်း ၇၂၀ ခန့်နှင့် ဒေါ်လာသန်း ၃၉၃ သန်းခန့် ရောင်းချပေးထားကြောင်း အောက်တိုဘာ ၂၂ ရက်(ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဒေါ်လာကို သန်းနှင့်ချီအလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာ ၂၂ ရက်အထိ နှစ်လခွဲကျော်တွင် ဒေါ်လာ ၃၉၃ သန်းခန့်အထိ ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။ အလားတူ ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ထိုင်းဘတ် ၇၁၈ သန်းရောင်းပေးခဲ့သလို တရုတ်ယွမ် ၃၂ သန်းခွဲခန့် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် ယနေ့တွင် တစ်ဒေါ်လာ ၄၅၅၀ ကျပ်အထိ ကျဆင်းလာခဲ့သော်လည်း ဗဟိုဘဏ်အနေဖြင့် အောက်တိုဘာလ ၂၁ ရက်တွင် Online Trading Platform မှ တစ်ဒေါ်လာ ၃၅၆၁ ကျပ်ဖြင့်သာ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *