October 23, 2024

၂၃. ၁၀. ၂၀၂၄
Written by Nay Moe

ပြည်ပနဲ့ နယ်စပ်ကို ခြေလွတ်လက်လွတ်ပြေးခဲ့ကြပေမဲ့လည်း ကမ္ဘာတစ်ဝန်းရောက် မြန်မာတွေနဲ့ မြန်မာပြည်တွင်းက ပြည်သူတွေက တော်လှန်ရေးခေါင်းစဥ်အောက်မှာ ဒေါ်လာသန်းရာချီ လှူကြတဲ့အချိန် ဒီတော်လှန်ရေးအလှူငွေတွေကို NUG ဝန်ကြီးဆိုသူတွေက ပြည်ပမှာ မိသားစုလိုက်အခြေချနေထိုင်တာ၊ CRPH အတွင်းရေးမှူးဒေါ်ဖြူဖြူသင်းက ဒေါ်လာသန်းချီ သုံးစွဲပြီး ဖြေရှင်းချက်မပေးတာ၊ ထိုင်းနိုင်ငံမှာ ဇိမ်ခံအိမ်တွေ၊ မယားငယ်တွေနဲ့နေပြီး ဘားတွေဖွင့် စီးပွားရှာတာ၊ မျက်နှာအလှပြင်တာ စတဲ့ အဂတိကျူးလွန်မှုတွေကို တော်လှန်ရေးအသိုင်းအဝိုင်းကပဲ ဖော်ထုတ်ခဲ့ကြအပြီးမှာပဲ NUG အစိုးရအဖွဲ့ဝင်ဆိုသူတွေရဲ့ အဂတိမှုကို စောင့်ကြည့်မယ်ဆိုတဲ့ အဖွဲ့ထွက်ပေါ်လာခဲ့ပါတယ်။

Anti- Corruption Taskforce လို့ အမည်ပေးထားတဲ့ ACT အဖွဲ့ဟာ အဖွဲ့ဝင် (၉) ဦး အကြံပေး (၂) ဦးပါဝင်တယ်လို့ ဖော်ပြထားပေမဲ့ လက်နက်ကိုင်လာတဲ့ NUG ရဲ့ အဂတိမှုတွေကို စောင့်ကြည့်မှာဖြစ်သလို ထိန်းမနိုင်သိမ်းမရဖြစ်လာနေပြီး တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်မှုကျူးလွန်လာကြတဲ့ PDF တွေအပါအဝင် ပသုံးလုံးအဖွဲ့တွေကြောင့် ပါဝင်သူတွေရဲ့အမည်ကို ဖော်ပြမထားဘဲ အဂတိလိုက်စားမှုဆန့်ကျင်ရေးအဖွဲ့ (မြန်မာပြည်) [email protected] နဲ့ Signal -1-646-996-4454 ကို ဆက်သွယ်ဖို့ ဖော်ပြထားပြီး ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေမှာ PDF တွေကို ဗန်းပြလို့ ထောက်ပို့လုပ်ပြီး ချမ်းသာနေကြတဲ့ NUG နဲ့ ဆက်နွှယ်သူတွေကိုလည်း စောင့်ကြည့်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

ACT အဖွဲ့ဟာ NUG ကို အပြန်အလှန်ထိန်းကျောင်းမဲ့ တင်းပြည့် လွှတ်တော် မရှိတဲ့ လစ်ဟင်းမှုကို ဖော်ပြပြီး CRPH ရဲ့ ပျက်ကွက်နေတဲ့ တာဝန်ကို မီးမောင်းထိုးပြဖို့အပြင် အစိုးရအမည်ခံထားတဲ့ NUG ရဲ့ တာဝန်ယူမှု တာဝန်ခံမှု ပျက်ကွက်နေတာကို ပြည်သူတွေက ဝေဖန်စောင့်ကြည့် ထိန်းကျောင်းနိုင်ဖို့ ရည်ရွယ်ချက်သုံးခုနဲ့ လုပ်ဆောင်တာဖြစ်ပြီး NUG ရဲ့ အဂတိမှုတွေ ဖော်ထုတ်ပြီးတာနဲ့ အဖွဲ့ကလည်း ပျောက်ကွယ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *