October 22, 2024

၂၂.၁၀.၂၀၂၄
Written By Thandar

ပျော်ရွှင်ရယ်မောစရာတွေပါဝင်တဲ့ ဟာသဇာတ်မြူးပုံစံ “ဗိုက်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကို ယနေ့ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားက ပရိသတ်တွေ ကြည့်နေကြမဟုတ်တဲ့ ဟာသဇာတ်လေးပါ။ ဇာတ်လမ်းကလည်း တမူထူးခြားတဲ့ပုံစံလေးလို့လည်း ပြောလို့ရပါတယ်။ ဗိုက်ကြီးသည်ကိုမှ ယောက်ျားလေး ဗိုက်ကြီးသည်တွေဆိုတော့လေ။ ဒီကားထဲက ဗိုက်ကို သေချာဆီလီကွန်တွေ သေချာပြင် ဆင်ရိုက်ထားတာပါ။ မမဆောင်းနဲ့ ဘယ်သူနဲ့ ရတဲ့ဗိုက်လဲဆိုတာကတော့ ပရိသတ်တွေကို ပဟေဠိလုပ်တဲ့သဘောပါ။ ယောက်ျားလေး ကိုယ်ဝန်ဆောင်သည်ဆို‌တော့ တကယ့် ကိုယ်ဝန်သည်တွေကိုလေ့လာပြီး ရိုက်ထားပါတယ်” လို့ သရုပ်ဆောင် ကျော်ထက်အောင်က MT Entertainment ကို ပြောပါတယ်။

အောင်ခေတ်မင်း ထုတ်လုပ်ရေးရဲ့ ပထမဆုံးဟာသရုပ်ရှင်ကားကို ဇာတ်လမ်း ရာဇဝင်ကို၊ ဇာတ်ညွှန်း ကြယ်စုသစ်တို့က ရေးသားပြီးတော့ ဒါရိုက်တာ စိုးမိုးမင်းက သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ရှင်မွေလ၊ ဝီလီ ၊ မြတ်ကေသီအောင်၊ လီလီကျော်ခိုင်၊ ချောကလျာ၊ ကြယ်စင်ဖြူ၊ မမဆောင်း၊ မျိုးမျိုးခိုင်၊ မအေးသီတာ စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။

“ဆွီကတော့ ဒီဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာ ကိုယ်က ချစ်ရတဲ့အကို ‌ကိုကျော်ထက်အောင်၊ ရှင်မွေလတို့နဲ့အတူ တစ်ယောက်နဲ့တစ်ယောက် စကားရည်လု၊ ပစ္စည်းလု သတ်ထားတဲ့ အခန်းလေးတွေပါပါတယ်။ ပရိသတ်တွေလည်း အားပေးကြပါဦး”လို့ မေနွယ်ထွန်း@ဆွီကပြောပါတယ်။

” ဗိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာ ၂၅ ရက်မှာ မြန်မာတစ်နိုင်ငံလုံး ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *