October 22, 2024

၂၂ .၁၀ .၂၀၂၄
Written by MMAK

◾ အေစီလန် Vs ကလပ်ဘရု

နှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲလုံး ရှုံးနိမ့်ထားပြီး တစ်မှတ်မှမရသေးတဲ့ အေစီမီလန်အသင်းအနေနဲ့ အခုအိမ်ကွင်းပွဲမှာ သေချာပေါက် အနိုင်ရအောင် ကစားပါလိမ့်မယ်။ စနေညက ကစားခဲ့တဲ့ ယူဒီးနီးအသင်းနဲ့ ပွဲစဥ်မှာ အဓိကကစားသမားတွေကို အနားပေးထားတာမျိုး တွေ့ခဲ့ရသလို ဒီပွဲပြီးရင် ရီးရဲမက်ဒရစ်အသင်းနဲ့ ကစားရမှာ ဖြစ်တာကြောင့် အခုအိမ်ကွင်းပွဲကို အနိုင်ရအောင် ကစားဖို့ သေချာပြင်ဆင်ထားမှာပါ။ အိမ်ကွင်းတိုက်စစ် အရမ်းကောင်းသလို အေစီမီလန်အသင်းသာ တကယ် တင်ကစားရင် တော်တော်ကြောက်ဖို့ကောင်းတဲ့ ကစားဟန်မျိုး တွေ့ရပါတယ်။ ဒီပွဲမှာ အေစီမီလန်အသင်းက တစ်လုံးခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး နှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဘော်ဒီကြေးရော ဂိုးပေါင်းကြေးရော ကြေးတွေတက်လာတာ တွေ့ရပြီး အေစီမီလန်အသင်းက တစ်လုံးအနိုင်လောက်နဲ့ ထိန်းကစားတာမျိုး လုပ်တတ်တဲ့အသင်း မဟုတ်ဘဲ မိနစ်ခြောက်ဆယ်လောက် အတွင်းမှာဘဲ ဂိုးပြတ်အနိုင်ရအောင် ကစားလာနိုင်ပါတယ်။ အိမ်ရှင်အေစီမီလန်အသင်း နှစ်ဂိုးပြတ်အနိုင်ရသွားနိုင်တာကြောင့် အေစီမီလန် ဘော်ဒီကြိုက်ပါတယ်။

◾ အာဆင်နယ် Vs ရှက်တာဒိုးနတ်

ရှက်တာဒိုးနတ်အသင်းက ယူကရိန်းလိဂ်မှာသာ ခြေစွမ်းကောင်းပေမဲ့ ချန်ပီယံလိဂ်မှာတော့ တစ်ပွဲသရေ တစ်ပွဲရှုံးနဲ့ တစ်မှတ်သာ ရထားပါတယ်။ အိမ်ရှင်အာဆင်နယ်အသင်းကလည်း ၁၆ သင်းအဆင့်ကို တိုက်ရိုက်ကစားခွင့်ရမဲ့ ထိပ်ဆုံးရှစ်သင်းထဲကို ၀င်ရောက်နိုင်ဖို့အတွက် ဒီပွဲကို သေချာပေါက် အနိုင်ရအောင် ကစားလာမှာပါ။ အိုဒီဂတ်နဲ့ ဆာကာ မပါနိုင်သေးတဲ့ အချိန်မှာတောင် အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေး နှစ်လုံးလေးဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးက ကြေးပြင်းတယ်ဆိုပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးငါးဆယ် အရှုံးဆိုတဲ့ ပေါက်ကြေးက ပျော့နေပြန်ပါတယ်။ အာဆင်နယ်အသင်းက ဂိုးလိုအပ်နေရင် ဂိုးရအောင် သွင်းနိုင်သလို သူတို့ထိန်းကစားပြီဆိုရင်လည်း ခံစစ်ကို အခိုင်အမာ ပိတ်ကစားပြီး တစ်ဖက်အသင်း တစ်ဂိုးရဖို့တောင် ခက်ခက်ခဲခဲ ကစားရတတ်ပါတယ်။ ဂိုးပေါင်းကြေး အရမ်းကျလာလို့ အဝေးကွင်း ရှက်တာဒိုးနတ်အသင်း ဂိုးမရနိုင်တဲ့ ဂိုးပေါင်းကြေးလို့ ယူဆထားပါတယ်။ အိမ်ရှင်အာဆင်နယ်တစ်သင်းတည်းလည်း လေးဂိုးလောက်ထိ သွင်းမယ် မထင်ဘဲ နှစ်ဂိုးပြတ်အနိုင်လောက်နဲ့ ထိန်းကစားမယ်လို့ ယူဆတာကြောင့် ဒီပွဲကို ဂိုးပေါင်းအောက် တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။

◾ အက်စတွန်ဗီလာ Vs ဘိုလော့နာ

ခြေစွမ်းရော ရလဒ်ရော အရမ်းကောင်းနေပြီး အိမ်ကွင်းပွဲမှာ ဘိုင်ယန်မြူးနစ်လို အသင်းကိုတောင် အနိုင်ရထားတဲ့ ဗီလာအသင်းအနေနဲ့ ဘိုလော့နာလို အသင်းကို တစ်လုံးလေးဆယ်စားဆိုတဲ့ ပေါက်ကြေးမျိုးပေးတာဟာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဗီလာအသင်းအနေနဲ့ တစ်လုံးနှစ်ဆယ်အရှုံးလောက်ထိ မပေးနိုင်ရင်တောင် တစ်လုံးသရေလောက်က အနိမ့်ဆုံး ပေးရမဲ့ ပေါက်ကြေး ဖြစ်ပါတယ်။ ဘိုလော့နာအသင်းရဲ့ ခြေစွမ်းကလည်း အရမ်းကောင်းနေတဲ့ အနေအထားမှာ မဟုတ်တာကြောင့် ဒီပေါက်ကြေးက အရမ်းပျော့နေပါတယ်။ အမှတ်လိုအပ်ချက်အရ ကြည့်မယ်ဆိုရင်လည်း ခြောက်မှတ်ရထားတဲ့ ဗီလာအနေနဲ့ သရေကျလို့ရတဲ့ အနေအထားမှာ ရှိပါတယ်။ ဘွတ်ကီတွေ အနေနဲ့ တစ်လုံး သွင်းရင် တစ်ဝက်နီးပါးစားရမယ်ဆိုတဲ့ ပေါက်ကြေးနဲ့ အိမ်ရှင်ဗီလာကို လွှတ်ပေးမယ် မထင်ပါဘူး။ တကယ်လို့ ဗီလာအသင်းနိုင်ခဲ့ရင်တောင် တစ်ဂိုးထပ် မပိုဘူးလို့ ယူဆထားတဲ့အတွက် ပြားလေးဆယ်ရင်းပြီး ဘိုလော့နာအသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ PSG VS PSV

ချန်ပီယံလိဂ်ဖလားကို အဓိက ပစ်မှတ်ထား ကစားနေတဲ့ ပြင်သစ်ကလပ် PSG အသင်းက တစ်ပွဲနိုင်တစ်ပွဲရှုံးနဲ့ သုံးမှတ်သာ ရထားပါတယ်။ နောက်ပွဲတွေမှာ ဘိုင်ယန်မြူးနစ် ၊ မန်စီးတီးနဲ့ အသလက်တီကိုအသင်းတို့လို အသင်းကြီးတွေနဲ့ ကစားရမှာ ဖြစ်တာကြောင့် အခုအိမ်ကွင်းပွဲကို သေချာ ပေါက် အနိုင်ရဖို့ ကြိုးစာလာပါလိမ့်မယ်။ တစ်ဖက်က နယ်သာလန်ကလပ် PSV အသင်းကလည်း လျှော့တွက်လို့ မရတဲ့ အသင်းမျိုး ဖြစ်ပြီး ချန်ပီယံလိဂ်မှာ လေးမှတ်ရထားသလို နယ်သာလန်လိဂ်မှာ ကိုးပွဲကစား ကိုးပွဲလုံးအနိုင်ရထားပြီး သွင်းဂိုး ၂၉ ဂိုးအထိ သွင်းထားတာ တွေ့ရပါတယ်။ ဒီပွဲမှာ PSG အသင်းက နှစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ ဘော်ဒီကြေးရော ဂိုးပေါင်းကြေးပါ အရမ်းတက်လာတာ တွေ့ရသလို နှစ်သင်းလုံး ဂိုးရနိုင်တဲ့ အနေအထားမျိုး တွေ့ရပါတယ်။ နှစ်လုံးသွင်းမှ ပြားငါးဆယ်ပဲ အနိုင်ရမဲ့ PSG ဘော်ဒီထက် ဂိုးပေါင်းအပေါ်ရွေးချယ်မှုက ပိုကောင်းမယ်လို့ ယူဆထားပါတယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ကစားဖို့ ရွေးချယ်ပေးချင်ပါတယ်။

◾ ရီးရဲမက်ဒရစ် Vs ဒေါ့မွန်

မနှစ်က ချန်ပီယံလိဂ်ဖိုင်နယ်မှာ ထိပ်တိုက်တွေ့ခဲ့တဲ့ နှစ်သင်း ပြန်လည်တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ရီးရဲအသင်းက ပြီးခဲ့တဲ့အပတ် လိုင်လီအသင်းနဲ့ ပွဲစဥ်မှာ ရှုံးနိမ့်ထားတာကြောင့် အခုအိမ်ကွင်းပွဲမှာ အနိုင်သုံးမှတ်ရဖို့ အားထည့်ကစားလာမှာပါ။ ဒေါ့မွန်အသင်းကတော့ နှစ်ပွဲလုံး အနိုင်ရထားပြီး သွင်းဂိုးဆယ်ဂိုးတောင် ရထားတဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားတာကြောင့် ဒီပွဲမှာ သွင်းဂိုးတွေ ထပ်ရဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီပွဲမှာ ရီးရဲအသင်းက ဘော်ဒီကြေး တစ်လုံး သုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံး ဖြစ်ပါတယ်။ ရီးရဲကွင်းမှာတော့ ဒေါ့မွန်အသင်း ဂိုးတွေအများကြီး ထပ်ရမယ် မထင်ဘဲ အနိုင်ရဖို့ အားထည့်ကစားလာမဲ့ ရီးရဲအသင်းက အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ နိုင်သွားနိုင်ပါတယ်။ နောက်တစ်ချက်က ဒေါ့မွန်အသင်းက ခံစစ်မကစားတတ်တဲ့ အသင်းမျိုး ဖြစ်တဲ့အတွက် ရီးရဲအသင်း နှစ်ဂိုးပြတ် နိုင်သွားနိုင်လို့ ပြားသုံးဆယ်ရင်းပြီး အိမ်ရှင်ရီးရဲအသင်းကို ရွေးချယ်သင့်ပါတယ်။

◾ ဂျီရိုနာ Vs စလိုဗန်

စလိုဗက်ကီးယားကလပ် စလိုဗန်အသင်းက အိမ်ဖြည့်အသင်း လောက်သာ ရှိပြီး နှစ်ပွဲလုံး ရှုံးနိမ့်ထားကာ ခံစစ်က ကိုးဂိုးထိ ပေးထားရပါတယ်။ ဂျီရိုနာအသင်းကလည်း နှစ်ပွဲလုံး ရှုံးနိမ့်ထားပြီး တစ်မှတ်မှ မရသေးတာကြောင့် အခုအိမ်ကွင်းပွဲမှာ နိုင်ပွဲစရသွားပါလိ့်မ်မယ်။ ဂျီရိုနာအသင်းက ဘော်ဒီကြေး နှစ်လုံးသရေအထိ ခပ်ပြင်းပြင်း ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ရှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ အခုနှစ်မှ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကစားရတာ ဖြစ်ပေမဲ့ ဂျီရိုနာအသင်းရဲ့ ဘော်ဒီကြေးက အရမ်းပြင်းနေသလို တိုက်စစ်ကောင်းတဲ့အတွက်ကြောင့် အနိမ့်ဆုံး နှစ်ဂိုးအသာလောက်နဲ့ နိုင်သွားမယ် ထင်ပါတယ်။ စလိုဗန်အသင်းရဲ့ ခံစစ်က ပေးဂိုးတအားများနေသလို လာလီဂါကလပ် ဂျီရိုနာနဲ့ အဆင့်အတန်းချင်း အရမ်းကွာပါတယ်။ ပေါက်ကြေးပြင်းလွန်းတဲ့အတွက် ဂိုးပြတ်အနိုင်ရသွားနိုင်သလို သုံးဂိုးပြတ်မှ ကြေးစားရမှာ ဖြစ်ပေမဲ့ ဂျီရိုနာအသင်းကိုပဲ ကြိုက်ပါတယ်။

◾ ဂျူဗင်တပ် Vs စတုဂတ်

ဂျူဗင်တပ်အသင်းကို သီယာဂို မော့တာ ကိုင်တွယ်ပြီးနောက်ပိုင်း နောက်ဆုံး ကိုးပွဲဆက် ရှုံးပွဲ မရှိထားပါဘူး။ စတုဂတ်အသင်းကလည်း ဒီရာသီမှာ ခြေစွမ်းကောင်းနေပေမဲ့ ချန်ပီယံလိဂ် အတွေ့အကြုံ အားနည်းတာရယ်နဲ့ အဝေးကွင်း ဖြစ်နေတာကြောင့် ရလဒ်ကောင်းဖို့ လွယ်မယ်မထင်ပါဘူး။ ဂျူဗင်တပ်အသင်းရဲ့ အိမ်ကွင်းမှာတော့ စတုဂတ်အသင်းအနေနဲ့  နိုင်ပွဲရသွားဖို့ မလွယ်ကူပါဘူး။ ဒီပွဲမှာ ဂျူဗင်တပ်အသင်းက ပြားရှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ ပြားရှစ်ဆယ် အရှုံး ပေါက်ကြေးက ပျော့နေတယ် ထင်ရပေမဲ့ စတုဂတ်အသင်းကလည်း အရမ်းညံ့တဲ့ အသင်းမျိုး မဟုတ်တာကြောင့် ဒီကြေးက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပေါက်ကြေးလို့ပဲ မြင်ပါတယ်။ သရေကျသွားနိုင်တယ်ဆိုပေမဲ့ အနိုင်ရမယ်ဆိုရင် အိမ်ရှင်ဂျူဗင်တပ်အသင်းက အနိုင်ရသွားနိုင်တာကြောင့် ဂျူဗင်တပ် ဘော်ဒီကို ကြိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *