October 22, 2024

၂၂.၁၀.၂၀၂၄
Written By Thandar

Mexico နိုင်ငံက အိမ်ရှင်အနေနဲ့ကျင်းပမယ့် “Miss Universe 2024” ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ Miss Universe Myanmar 2024 အလှမယ် သက်စံအန်ဒါဆန်က Vintage 1980 Look ဗမာဝတ်စုံလေးနဲ့ ယနေ့ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်က စတင်ထွက်ခွာခဲ့ပါတယ်။

“ဒီဇိုင်နာ ကိုငြိမ်းကိုက ရှေးခေတ်က Vintage 1980 Look ဗမာဝတ်စုံလေးနဲ့ ဖက်ရှင်ဒီဇိုင်းလေးကို လုပ်ဆောင်ပေးတာပါ။ ဒီဝတ်စုံကို ကိုယ်တိုင်လည်းသဘောကျတယ်။ မစိုးယုဝေကလည်း လိုက်မယ်ဆိုတော့ ပျော်ပါတယ်။ ကျွန်မ Performance ရော၊ Catwalk ပိုင်းရော အကောင်းဆုံး ချပြချင်ပါတယ်။ ကျွန်မအနေနဲ့ မြန်မာအကတွေကိုလည်း သင်ထားပါတယ်။ ကျွန်မကလည်း ဒီပြိုင်ပွဲအတွက် အားတွေ စိတ်တွေရော အချစ်တွေရော အရမ်းထည့်ပြီး ကြိုးစားထားတယ်။ မြန်မာနိုင်ငံကိုလည်း ကိုယ်စားပြုတာလည်းဖြစ်လို့ အသေအချာ အကောင်းဆုံး International မှာ ချပြမယ်။ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး Crown ကို ပြန်သယ်လာချင်တယ်။ ကျွန်မက ငယ်ငယ်ထဲက MU(Miss Universe)ဖြစ်ချင်ခဲ့တာ။ အခုသွားရတော့မယ်ဆိုတော့အရမ်းပျော်တယ်။ ကျွန်မ စိတ်ထဲကနေ သေသေချာချာကြိုးစားမယ်”လို့ Miss Universe Myanmar 2024 အလှမယ် သက်စံအန်ဒါဆန်ကပြောပါတယ်။

သူမကတော့ နိုဝင်ဘာ ၁၆ ရက်ကစ Mexico နိုင်ငံမှာ ကျင်းပမယ့် Miss Universe 2024 ပြိုင်ပွဲကြီးအတွက် မြန်မာမှု မြန်မာ့ဟန်အပြည့်နဲ့ မြန်မာဝတ်စုံ ဒီဇိုင်း၊ မြန်မာ့လာဘ်ကောင် ရွှေဇီးကွက်လေးနဲ့ အလှဆင် ကြိမ်နဲ့လုပ်ထားတဲ့ ပိုက်ဆံအိတ်၊ ဘွားမေတို့ခေတ်က ပတ္တမြားခြယ်နားကပ်၊ ရွှေလက်ကောက် ရွှေလက်စွပ်ကွင်းလေးတွေ ဝတ်ဆင်ထားပြီး ရှေ့ခေတ်ကားဒီဇိုင်းကအစ ယခင်နှစ်တွေနဲ့မတူ ကွဲထွက်တဲ့ပုံစံ Vintage 1980 Look ဗမာဝတ်စုံကို ဒီဇိုင်နာ ငြိမ်းကို Chic & chic က ဖန်တီးပေးတာဝတ်ဆင်ပြီးတော့ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်က ထွက်ခွာခဲ့တာပါ။

အလှမယ် သက်စံအန်တာဆန်က အောက်တိုဘာ ၂၂ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က တစ်ဆင့် ထိုင်းနိုင်ငံကို စတင် ထွက်ခွာခဲ့ပြီးတော့ ထိုင်းနိုင်ငံကနေ တစ်ဆင့် တိုကျို၊ တိုကျိုကနေတစ်ဆင့် အိမ်ရှင်နိုင်ငံ Mexico ဆီ သွားရောက်မှာလည်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပြိုင်ပွဲကြီးမှာ မြန်မာအကနဲ့ ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးတန်ဖိုးထားမှုကို အခြေခံတဲ့ မြန်မာ့ရိုးရာသဘင်ပညာ၊ လက်မှုပညာ၊ ရိုးရာယဉ်ကျေးမှုတို့ကို Contemporary Style နဲ့ပေါင်းစပ် ထုတ်ဖော်ပြသတဲ့ Art Project တစ်ခုအနေနဲ့ Memoirs Of Mhone Shwe Yee ကို ထုတ်ဖော်မယ်လို့သိရပါတယ်။ ဒါ့ပြင် မြန်မာ့ယဉ်ကျေးမှု နဲ့ ရိုးရာဖက်ရှင်ကိုလည်း Contemporary & Modern စတိုင်လ်တွေနဲ Miss Universe စင်မြင့်ထက်မှာ တွင် ထုတ်ဖော်ပြသသွားမယ်လို့ ဆိုပါတယ်။

#ThetSan

#ThetSananderSen

#MissUniverse2024 #Mexico

#MissUniverseMyanmar2024

#Vintage1980Look

#ThetSan

#DesignerNyeinKoChic&chic

Leave a Reply

Your email address will not be published. Required fields are marked *