October 22, 2024

၂၂.၁၀.၂၀၂၄
Written By Thandar

Aim Treasure Co,ltd ရဲ့ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းပုံစံ “ယောက်ျားတွေကို စိတ်ကုန်တယ်”ရုပ်ရှင်ဇာတ် ကားကြီး ကန်တော့ပွဲပေးမှု ယနေ့ အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေနားပန်စေတီတော်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။

“လင်းကတော့ ဒီဇာတ်ကားကြီးထဲမှာ အတိုးပေးစားတဲ့ အရမ်းလှတဲ့ အမျိုးသမီးကြီးနေရာက ပါဝင်ထားပါတယ်။ ဒီကားမှာက သရုပ်ဆောင်တွေကတော့ ကိုနေတိုး၊ ချောရတနာတို့ မိုးပြည့်ပြည့်မောင်တို့လည်း ပါပါတယ်။ လင်းကတော့ ရုပ်ရှင်လောက သိပ်တော့မစိမ်းပါဘူး။ မိတ်ကပ်လောက နှစ် ၂၀ ကျော်လိုက်ရှိပြီဆိုတော့လေ။ ယောက်ျားတွေကို စိတ်ကုန်တယ်ဆိုပေမယ့် လင်းက စိတ်မကုန်ပါဘူး။ ကိုနေတိုးနဲ့ တွဲဖက်ရိုက်ကူးခွင့်ရလို့လည်း ပျော်ရပါတယ်။ ဒီဇာတ်လေးကတော့ ကောင်းပါတယ်။ ဟာသဇာတ်လေးဆိုတော့ ပရိသတ်တွေ အားပေးကြပါဦး”လို့ လင်းလင်း (Makeup Artist) က ပြောပါတယ်။

အဆိုပါဇာတ်ကားရဲ့ ဇာတ်လမ်းကို ညာလက်တော်၊ ဇာတ်ညွှန်း ရာဇဝင်ကိုက ရေးသားပြီးတော့ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ချောရတနာ၊ နော်ဖောအယ်ထား၊ မိုးပြည့်ပြည့်မောင်၊ လင်းလင်းနဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။

“နော်ဖောက ဒီဇာတ်ကားနာမည်လေးက ဆန်းတဲ့ နာမည်လေးဖြစ်တယ်။ ယောက်ျားတွေ စိတ်ကုန်တယ် ပြောလိုက်တာနဲ့ မိန်းကလေးတော်တော်များများ ခံစားချက်တွေဖွင့်ဟလာမယ်ထင်ပါတယ်။ နော်ဖောကတော့ ဒီဇာတ်ကားမှာ သတင်းမီဒီယာလုပ်ငန်းလုပ်တဲ့ သူတစ်ယောက်နေရာက မြင်တွေ့ရမှာပါ။ ဘယ်လိုပုံစံဖြစ်တယ်ဆိုတာတော့ ရုံတင်ရင် တွေ့ရမှာပါ။ ဒီကားလေးက အပျော်လေးလည်းပါမယ်။ နည်းနည်းအတွဲစပ်လည်း ဆန်းတယ်။ ဟာသလေးတွေရော ရိုမန့်လေးလည်း ပါမယ် ”လို့ သရုပ်ဆောင် နောဖောအယ်ထားက ပြောပါတယ်။

#နေတိုး #ချောရတနာ #လင်းလင်း

#နော်ဖောအယ်ထား #မိုးပြည့်ပြည့်မောင်

#NayToe #ChawYadaNar

#NawPhawEhHtar #MoePyaePyaeMaung

#ယောက်ျားတွေကိုစိတ်ကုန်တယ်ရုပ်ရှင်ဇာတ်ကား

Leave a Reply

Your email address will not be published. Required fields are marked *