October 22, 2024

၂၂.၁၀.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် အောက်တိုဘာ ၂၁ ရက် နံနက် ၃ နာရီက မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၉) ရပ်ကွက် နှင်းပန်းလမ်းရှိ နေအိမ် ၁၂၀ ကျော်တွင် ရေဝင်နစ်မြုပ်ခြင်း၊အမိုးလန်ခြင်း၊ နေအိမ်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇ လုံးမှာ ပျက်စီးခဲ့ပြီး၊ နေအိမ် ၂၁ လုံးမှာ အမိုးလန်ခြင်းနှင့် နေအိမ် ၆၆ လုံးမှာ ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“လေပြင်းတိုက်လို့ သစ်ပင်တွေကျိုးတာ၊ အိမ်တွေပျက်စီးမှုတွေလည်းရှိတယ်။ ကယ်ဆယ်ရေးစခန်းတော့မဖွင့်သေးဘူး။ နီးစပ်ရာဆွေမျိုးအိမ်၊ အသိအိမ်တွေမှာ ခဏနေကြတယ်”ဟု ရွှေပြည်သာမြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

အဆိုပါ နေအိမ်များတွင်နေထိုင်သော လူဦးရေ ၄၄၀ ကျော်ကို ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *