October 21, 2024

၂၁.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရမှုအပေါ် တရုတ်အစိုးရက ရှုတ်ချကြောင်းနဲ့ မြန်မာအာဏာပိုင်တွေအနေနဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ ဘက်ပေါင်းစုံက ဆောင်ရွက်သွားဖို့ တိုက်တွန်းပါတယ်လို့ တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူက အောက်တိုဘာ ၂၁ ရက်မှာပြောကြားခဲ့ပါတယ်။

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှာ ပေါက်ကွဲမှုတစ်ရပ်က အောက်တိုဘာလ ၁၉ ရက် ညနေ ၅ နာရီ လောက်မှာဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကောင်စစ်ဝန်ရုံးဝင်းအထဲမှာတော့ တစ်ချို့ပျက်စီးမှုလေးတွေရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ လင်ဂျင်း (Lin Jian ) ကသတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

တရုတ်အစိုးရက ဒီဖြစ်ရပ်အတွက် အထူးစိုးရိမ်တယ်လို့ မြန်မာအာဏာပိုင်တွေကို ကန့်ကွက်ပြောကြားခဲ့ပါတယ်။ တစ်ပြိုင်ထဲမှာ ဒီကိစ္စကို ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ပြင်းပြင်းထန် ထန်အပြစ်ပေးနိုင်ဖို့ ဘက်ပေါင်းစုံက ဆောင်ရွက်သွားဖို့လည်း မြန်မာအစိုးရကို တရုတ်အစိုးရကပြောခဲ့တယ်လို့ လင်ဂျင်းက ဆိုပါတယ်။

ဒါ့အပြင် တရုတ်ကောင်စစ်ဝန်ရုံးက မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားတွေ၊ တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းအုပ်စုတွေအားလုံးကို လုံခြုံရေးအတွက် အထူးအလေးထားကြဖို့နဲ့ ကြိုတင်သတိပြုမှုတွေ မဖြစ်မနေဆောင်ရွက်ကြဖို့ သတိပေးချက်တစ်စောင်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *