October 21, 2024

၂၁.၁၀.၂၀၂၄
Written By Thandar

ဖိလစ်ပိုင်နိုင်ငံမှာ အိမ်ရှင်အနေနဲ့ ကျင်းပမယ့် Miss Earth 2024 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Miss Earth Myanmar 2024 အလှမယ်သော်တာစန်းက သွားရောက်ယှဥ်ပြိုင်ဖို့အတွက် ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေစတင် ထွက်ခွာသွားပြီဖြစ်ပါတယ်။

“ညီမအနေနဲ့ Universe Myanmar ပြိုင်ပွဲပြီးထဲက ဒီပြိုင်ပွဲအတွက် Catwalk ပိုင်းတွေကို ကြိုတင်ပြင်ဆင်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ့်ကတော့ ပြိုင်ပွဲအတွက် အဓိက ယုံကြည်မှုအပိုင်းဆိုရင် ၉၉ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ညီမအနေနဲ့လည်း ပျောက်ဆုံးနေတဲ့ မြန်မာ့ရိုးရာဝတ်စုံတွေအပြင်ယဉ်ကျေးမှုတွေကို နိုင်ငံတကာက သိရှိနိုင်အောင် ပြင်ဆင်ထားပါတယ်။ ခုလည်း ဒီပြိုင်ပွဲကြီးအတွက် စိတ်လှုပ်ရှားနေပါပြီ” လို့ သော်တာစန်းက ပြောပါတယ်။

အဆိုပါပြိုင်ပွဲကြီးမှာတော့ နိုင်ငံတကာက နိုင်ငံကိုယ်စားပြု အလှမယ်တွေဖြစ်တဲ့ ဗီယက်နမ်၊ ဘရာဇီး၊ တောင်အာဖရိက၊ ဗင်နီဇွဲလား၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ရုရှား၊ ဂျပန်၊ ကိုလန်ဘီးယား၊ စင်ကာပူစတဲ့ နိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် Miss Earth Myanmar 2024 အလှမယ်သော်တာစန်းက ဝင်ရောက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

“Pressure တွေက အများကြီးပေါ့နော်။ ဒီနှစ်က ညီမတို့ နိုင်ငံကို ချပြ‌လို့ကောင်းတယ်။ Miss Earth မှာ မြန်မာနိုင်ငံရဲ့ Culture တွေ , Heritage တွေကို မချပြနိုင်မှာ စိတ်ပူမိတယ်။ MGI နဲ့ MU ကြားမှာ Miss Earth ကို ယှဉ်ပြိုင်ရမှာမို့ ပိုပြီးထင်ပေါ်အောင် ကြိုးစားရမှာပါ” လို့ သူမကဆက်ပြောပါတယ်။

Miss Earth Myanmar 2024 အလှမယ် သော်တာစန်းကတော့ Miss Universe Myanmar 2024 ပြိုင်ပွဲကြီးမှာ 4th Runner Up ဆုကို တောင် ငူကိုယ်စားပြုအနေနဲ့ ရရှိထားသူလည်းဖြစ်ပါတယ်။

#သော်တာစန်း

#ThawDarSun

#MissEarthMyanmar2024

#MissEarth2024

#MissEarthHeritage #MissEarthHeritage2024

#MissEarth2024Heritage

Leave a Reply

Your email address will not be published. Required fields are marked *