October 21, 2024

၂၁.၁၀.၂၀၂၄
Written by Hey Mar

ရန်ကုန် – ပုသိမ်လမ်းမကြီးပေါ်မှာ ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၇နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ယာဥ်က ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့နယ်က‌နေ၊ ရန်ကုန် ဒဂုံဧရာအဝေးပြေးကို ပြေးဆွဲနေတဲ့ ကံထူးအောင်ယာဉ်လိုင်းဖြစ်ပြီး ယာဉ်ပေါ်ပါခရီးသည်တချို့ရဲ့ ပြောပြချက်အရ ပန်တိုင်နဲ့မဲဇလီကြား အကွေ့မှာ လမ်းဘေးလယ်ကွင်းထဲ ထိုးဆင်းတိမ်းမှောက်ကြောင်းသိရပါတယ်။

မြေပြင်ရောက်ရှိနေတဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “ကားက ဝမ်းထဲမှာလည်း ကုန်အပြည့်ပါတယ်။ လူကလည်း ၇၀ လောက်တင်လာတယ်။ ယာဉ်မောင်းနဲ့ စပါယ်ယာတော့ နည်းနည်းထိခိုက်တာများတယ်။ ကျန်တဲ့ခရီးသည်တွေက ပွန်းပဲ့ မှန်ကွဲစရှတာလောက်ပါပဲ။ အသက် ခြောက်ဆယ်ကျော် အဘွားတစ်ဦးပဲ သွေးထွက်ဒဏ်ရာကြီးလို့ ကျွန်တော်တို့ ညောင်တုန်းဆေးရုံ ပို့ရတယ်။ မစိုးရိမ်ရပါဘူး” လို့ MT News က စုံစမ်းမေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *