October 21, 2024

၂၁ .၁၀ .၂၀၂၄
Written by Hey Mar

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စုအနီး၊ ကျောက္ကာကျေးရွာကနေ ကုန်အပြည့် လူအပြည့်တင်ဆောင်လာတဲ့ စက်လှေတစ်စီး ဒီနေ့မနက် အစောပိုင်းက တိမ်းမှောက်ရာ လူ ၇၀ ဝန်းကျင်ခန့် ပျောက်ဆုံးနေတယ်လို့ မြိတ်မြို့အခြေစိုက် ရွှေရောင်နေ့သစ် လူမှုကူညီရေး အသင်းထံကနေ ကနဦးသတင်းတွေအရသိရပါတယ်။

ကျောက္ကာကျေးရွာက ကျွန်းစုရွာတစ်ရွာဖြစ်ပြီး မြိတ်မြို့နဲ့ ရေမိုင် နှစ်ဆယ်ခန့်သာ ကွာဝေးပေမယ့် ဖြတ်သန်းရမယ့် ပင်လယ်ခရီးတစ်လျှောက် အမှောင်နယ်မြေလို့ သတ်မှတ်ခံထားရတဲ့ ထားဝယ် -မြိတ်-ပုလော တစ်လျှောက် စစ်မက်ဖြစ်ပွားမှုတွေရှိနေပြီး မြိတ်ကနေကယ်ဆယ်သမားတွေ ဝင်ရောက်ဖို့လည်း အခက်အခဲရှိနေတယ်လို့သိရပါတယ်။

“လတ်တလော ရာသီဥတုအခြေအနေရယ်၊ မြေပြင်အနေအထားတွေအရ ဒီဘက်က ကယ်ဆယ်ရေး ထွက်ဖို့ ခက်နေတယ်။ အဆက်အသွယ်ကလည်း ပြတ်နေတယ်။ အခုထိ ဘာသတင်းမှ ထပ်မကြားရလို့ စိတ်တွေလည်းပူတယ်။ မြိတ်ကနေ သီတင်းကျွတ်ပိတ်ရက် အိမ်ပြန်ကြတဲ့ ကလေးတွေ စီးလာတယ်လို့ သတင်းရထားတယ်။ ကျောင်းသားလေးတွေ လှေပေါ်မှာ ပါလာကြတယ်။ အခု နောက်ဆုံးမနက် လေးနာရီကျော်မှာ ရထားတဲ့ သတင်းက လူ ၇၀ ကျော် ပျောက်နေပါတယ် ” လို့ ရွှေရောင်နေ့သစ် လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ် ။

မြေပြင်အခြေအနေကို MT News က ဆက်လက်ချိတ်ဆက်နေပြီး ထပ်မံသိရှိရတာကိုလည်း ဆက်လက်ဖော်ပြပေးသွားပါ့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *