October 20, 2024

၂၀.၁၀.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးဖိုးလှိုင်လမ်းတွင် အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က ​ဖြစ်ပွားခဲ့သော ဓာတ်မြေသြဇာသို​​လှောင်ရုံ မီးလောင်မှုမှာ ပလပ်ခုံအပူလွန်ကဲပြီး အောက်ရှိ ဓာတ်မြေသြဇာအိတ်များပေါ်သို့ မီးပွားကျရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးသူများထံမှ သိရသည်။

အလျားပေ ၁၄၀၊ အနံ ပေ ၈၀ ရှိသော ဓာတ်မြေသြဇာသိုလှောင်ရုံတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ ၃၅ မိနစ်ခန့် နီးပါးလောင်ကျွမ်းခဲ့ပြီး ဓာတ်မြေသြဇာအိတ် ၁၀၀ နှင့် ဓာတ်မြေသြဇာအိတ်ခွံ ၅၀၀ နီးပါး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“ရေမော်တာနဲ့ လုံခြုံရေးမီးသုံးဖို့ သွယ်တန်းထားတဲ့ ပလပ်ခုံကနေ အပူလွန်ပြီး မီးပွားကျရာကနေ အောက်မှာလောင်စာရှိတာကြောင့် မီးလောင်မှုဖြစ်တာပါ။ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ၉ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးနှင့် သန္ဓေအရံ မီးသတ်တပ်ဖွဲ့ဝင် ၁၂၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြသည်။

ဓာတ်မြေသြဇာသိုလှောင်ရုံ မီးလောင်မှုကြောင့် တာဝန်ခံအသက် ၄၂ နှစ်အရွယ်အမျိုးသားကို လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်းက ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *