October 20, 2024

၂၀.၁၀.၂၀၂၄
Written By Thandar

ယနေ့ အောက်တိုဘာ ၂၀ရက် ညပိုင်းက ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Grand International 2024 National Costume မှာ မြန်မာကိုယ်စားပြုအလှမယ် သဲစုညိမ်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဗိသာနိုး ဘုရင်မရဲ့ ဗိသာနိုးဘုရင်မ “စစ်မာန်ဝင့်ချီ ဗိဿနိုးဧကရီ”ဝတ်စုံနဲ့ မြင်းရထားလှည်းကိုပါ စင်မြင့်ထက်မှာပြသခွင့် မရပေမယ့် ပရိသတ်တွေ အားပေးမှုများစွာရရှိခဲ့ပါတယ်။

အဆိုပါ Miss Grand International ရဲ့ National Costume ပြိုင်ပွဲကြီးမှာ မြန်မာကိုယ် စားပြုအလှမယ် သဲစုညိမ်းက မူလပထမစီစဉ်ထားတဲ့ ဗိဿနိုးဘုရင်မရဲ့ စစ်ထွက်တဲ့ပုံစံကို မြင်းနဲ့ရထားလှည်း ထွက်ခွါ မာန်ချီဖို့ စီစဉ်ထားပေမယ့် အရှေ့ပိုင်းဖြစ်တဲ့ မြင်းကိုသာတင်ခွင့်ရခဲ့တာပါ။

အလှမယ် သဲစုညိမ်းက ပြိုင်ပွဲစင်မြင့်ထက်မှာ ချပြချင်တဲ့ National Costume အပြည့်တင်ပြသခွင့်မရပေမယ့်လည်း သူ့မရဲ့ ဟန်ပန် မျက်နှာအမူအယာစိတ်ခံစားချက်ကိုတော့ ဗိဿနိုးဘုရင်မရဲ့ စစ်မာန်ဝင့်ချီလို့မုဒ်အပြည့်နဲ့ မျှားကိုကိုင်ပြီး မျက်လုံးမှာပုံဖော်ခဲ့ရာ ပရိသတ်တွေ အားပေးချီးမြှောက်မှုကို ရရှိခဲ့ပါတယ်။

“စစ်မာန်ဝင့်ချီ ဗိဿနိုးဧကရီ” အမည်နဲ့ National Costume ကို TK Team အဖွဲ့က ပုံဖော်ပေးခဲ့တဲ့ ခမ်းနားတဲ့ မြန်မာတို့ရဲ့ ရှေးဂုဏ်ရည် တစ်ခုဖြစ်တဲ့ ဗိဿနိုးခေတ်ရဲ့စစ်ဘုရင်မရဲ့ အလှထွဋ်ခေါင်ဒေဝီ ဧကရီမတစ်ပါးအနေနဲ့ ပန်ထွာဘုရင်မရဲ့ စစ်ဝိ​ဉာဏ်နဲ့အတူ၊ ရာဇဝင်အထက်ကစာတင်ဖွဲ့မကုန်တဲ့အလှတရားတို့ ပြန်လည်နိုးထသက်ဝင်ခဲ့တာလို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *