October 20, 2024

၂၀ .၁၀ .၂၀၂၄
Written by MMAK

◾ ဝုဗ် Vs မန်စီးတီး

အိမ်ရှင်ဝုဗ်အသင်းရဲ့ အဆိုးရွားဆုံး ရာသီတစ်ခုကို ရောက်ရှိနေပြီး ခြောက်ပွဲထိရှုံးနိမ့်ထားကာ သရေတစ်ပွဲနဲ့ တစ်မှတ်သာ ရထားပါတယ်။ မန်စီးတီးအသင်းကလည်း သူတို့သာ အနိုင်ရသွားပေမဲ့ ကြေးရှုံးတာ များနေပြီး ဂိုးပြတ်အောင် မကန်တာမျိုးတွေ တွေ့ရပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းက နှစ်လုံးခုနစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံး ဖြစ်ပါတယ်။ ဝုဗ်အသင်းက သူတို့သာ ဂိုးစပေးရရင် ဘာအသင်းကြီး ဖြစ်နေနေ ဂိုးရအောင် ပြန်လိုက်ကစားတတ်တာကြောင့် ဂိုးတွေပြန်ရတတ်သလို ခံစစ်ကလည်း ဂိုးတွေ ထပ်ပေးရပါတယ်။ ဝုဗ်အသင်းက ခြေစွမ်းကျဆင်းနေချိန်မှာ နှစ်လုံးခုနစ်ဆယ်စားဆိုတဲ့ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေးက နေချင်စရာ အရမ်းကောင်းပါတယ်။ သို့ပေမဲ့ မန်စီးတီးအသင်းက ဘောနိုင် ကြေးရှုံး ကစားသွားနိုင်တာကိုလည်း သတိထားသင့်ပါတယ်။ မန်စီးတီးအသင်းက ဒုတိယပိုင်းပွဲချိန်တွေမှာ ဂိုးတွေသိပ်မသွင်းတော့တာကို သတိထားမိသလို ပွဲချိန်အစောပိုင်းမှာ နှစ်ဂိုးလောက်သွင်းထားပြီး ပွဲချိန်နှောင်းပိုင်းမှ တစ်ဂိုးလောက်ပြန်ပေးလိုက်ရရင် နောက်တစ်ဂိုးထပ်သွင်းဖို့ ထပ် ထိန်းကစားသွားနိုင်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ချက်က ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဥ်ကစားရဖို့ ရှိတာကြောင့် မန်စီးတီးအသင်း ဒုတိယပိုင်းမှာ ကစားအား ချလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နှစ်လုံးခုနစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးမှာ ထိုးသားအများစု မန်စီးတီးအသင်းကိုပဲ အကြိုက်တွေ့နေတာကြောင့် အိမ်ရှင်ဝုဗ်အသင်းကို ရွေးချယ်တာ ပိုကောင်းမယ် ထင်ပါတယ်။

◾ လီဗာပူး Vs ချဲလ်ဆီး

ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အာနေးစလော့ရဲ့ လီဗာပူးအသင်းနဲ့ ခြေစွမ်းအတက်ဘက်ကို ရောက်နေတဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ တွေ့ဆုံမှုက Super Sunday ညရဲ့ အကောင်းဆုံး ပွဲစဥ်တစ်ခု ဖြစ်ပါတယ်။ အိမ်ရှင်လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးသရေအထိ ခပ်ပြင်းပြင်းပေးထားပြီး ဂိုးပေါင်းကြေးကလည်း လေးလုံးရှစ်ဆယ်စားဆိုတဲ့ မြင့်မားတဲ့ ပေါက်ကြေးမျိုး ပေးထားပါတယ်။ လီဗာပူးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံးကစားကြတဲ့ ပွဲတွေမှာဆိုရင် ၀ုန်း၀ုန်းဒိုင်းဒိုင်း တိုက်စစ်ဖွင့်ကစားတတ်တာမျိုး မတွေ့ဖူးသလို ဂိုးတွေအများကြီး သွင်းကြတဲ့ပွဲက ခပ်ရှားရှားပါ။ ခုလိုအခြေအနေမျိုး နှစ်သင်းလုံး ပုံစံကောင်းရနေချိန်မှာဆို တစ်သင်းနဲ့တစ်သင်း အမှားမခံတမ်း ကစားကြမှာ ဖြစ်သလို လီဗာပူးအသင်းရဲ့ ခံစစ်က ခုနစ်ပွဲမှာ နှစ်ဂိုးသာ ပေးထားရပြီး တည်ငြိမ်စပြုလာတဲ့ ချဲဆီးအသင်းရဲ့ ခံစစ်ကလည်း ခြောက်ဂိုးသာ ပေးထားရတာပါ။ ဘော်ဒီကြေးပြင်းတဲ့ အိမ်ရှင်လီဗာပူးအသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပေမဲ့ ဂိုးတွေအများကြီး သွင်းမယ်မထင်ပါဘူး။ နှစ်သင်းလုံး ထိန်းကစားပြီး အမှားစောင့်ကစားကြမဲ့ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေ အများကြီး မြင်ရမှာ မဟုတ်ပါဘူး။ လီဗာပူးအသင်းက တစ်လုံးအသာနဲ့ ကပ်နိုင်သွားတာမျိုး၊ တစ်ဖက်တစ်ဂိုးစီ သရေကျသွားတာမျိုးနဲ့ နှစ်ဂိုးတစ်ဂိုးလောက်နဲ့ဘဲ လီဗာပူးအသင်းက အနိုင်ရသွားမျိုးလောက်ပဲ ဖြစ်နိုင်ပါတယ်။ အများဆုံးသုံးဂိုးလောက်သာ မြင်ရမယ်ထင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ် ။

◾ အသလက်တီကို Vs လီဂါနက်စ်

ဒီပွဲကတော့ ပေါက်ကြေးအရ ရွေးချယ်သင့်တဲ့ ပွဲစဥ်တစ်ခု ဖြစ်ပါတယ်။ အိမ်ရှင်အသလက်တီကို အသင်းက ဘော်ဒီကြေးမှာ တစ်လုံးခုနစ်ဆယ်အရှုံး ပေးထားပေမဲ့ ဂိုးပေါင်းကြေးက နှစ်လုံးခုနစ်ဆယ် အရှုံး ဖြစ်နေပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးက လုံး၀သဟဇာတ မဖြစ်သလို အဝေးကွင်းလီဂါနက်စ်အသင်း တစ်ဂိုးတောင်မရနိုင်ဘူးဆိုတဲ့ ဂိုးပေါင်းကြေး ဖြစ်ပါတယ်။ တီကိုနဲ့ လီဂါနက်စ်အသင်းတို့ ဆယ်ကြိမ်ထိတွေ့ဆုံထားရာမှာ တစ်ပွဲသာ ဂိုးပေါ်ထားပြီး ကိုးပွဲထိ ဂိုးအောက် ကစားထားပါတယ်။ အသလက်တီကိုက အသင်းက နောက်ဆုံးလေးပွဲဆက် ဂိုးအောက် ကစားထားပြီး လီဂါနက်စ်အသင်းက ကိုးပွဲကစားထားရာမှာ ရှစ်ပွဲထိ ဂိုးအောက် ဖြစ်ထားပါတယ်။ ဒီပွဲမှာ လီဂါနက်စ်အသင်း တစ်ဂိုးတောင်ရဖို့ မလွယ်သလို ချန်ပီယံလိဂ်ကစားရဖို့ ရှိနေတဲ့ တီကိုအသင်းကလည်း ဂိုးပြတ်အနိုင်ရဖို့ထက် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားတာမျိုးလောက်ဘဲ ဖြစ်နိုင်မယ်လို့ ယူဆထားပါတယ်။ စပိန်လာလီဂါ ထုံးစံအတိုင်း ဂိုးအောက်နိုင်ဖို့ ရာခိုင်နှုန်းများသလို ပေါက်ကြေးနဲ့ ထိပ်တိုက်တွေ့ဆုံမှု အရလည်း ဂိုးအောက်သွားဖို့ အဖြစ်နိုင်ဆုံး အခြေအနေတွေကို မြင်တွေ့ထားရပါတယ်။ ဒီအတွက်ကြောင့် ဒီပွဲကို ဂိုးအောက်ကစားဖို့ ရွေးချယ်ပေးချင်ပါတယ်။

◾ ဟော့စတိန်းကီး Vs ယူနီယံဘာလင်

ဂျာမာန်ဘွန်ဒက်လီဂါပွဲစဥ်တွေကို မရွေးတတ်ရင် ဂိုးပေါ်သာနေလိုက်လို့ ပြောလို့ရအောင် ဂိုးပေါ်အများဆုံး ကစားလေ့ရှိတဲ့ လိဂ်တစ်ခုဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ယူနီယံဘာလင်အသင်းက ခံစစ်အသားပေးပြီး ဂိုးပေါင်းအောက် ကစားတတ်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဒီပွဲမှာ ယူနီယံဘာလင်အသင်းက ဘော်ဒီကြေး ပြားခြောက်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနစ်ဆယ်စား ဖြစ်ပါတယ်။ ယူနီယံဘာလင်အသင်းက အဝေးကွင်းသုံးပွဲကစားထားရာမှာ နိုင်ပွဲလုံး၀မရသေးဘဲ သုံးပွဲလုံး ဂိုးအောက်ထားပါတယ်။ တန်းတက်ဟော့စတိန်းကီးအသင်းကလည်း အိမ်ကွင်းဂိုးသွင်းအား ရှိတယ်ဆိုပေမဲ့ ခံစစ်ကောင်းတဲ့ ယူနီယံဘာလင်အသင်းကို ဂိုးတွေအများကြီး ရသွားမယ်မထင်ပါဘူး။ နှစ်သင်းလုံးက အမှားစောင့်ပြီး ထိန်းကစားလာမှာဖြစ်သလို ဂိုးစရတဲ့အသင်းက ရထားတဲ့ တစ်ဂိုးကို ထိန်းကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲက ဂိုးရနောက်ကျနိုင်သလို ပထမပိုင်းမှာ ဂိုးမရတာမျိုးတောင် ဖြစ်နိုင်တာကြောင့် သုံးဂိုးလောက်ထိ မြင်ရဖို့ မလွယ်တဲ့ပွဲလို့ ယူဆထားပါတယ်။ အများဆုံး နှစ်ဂိုးလောက်သာ မြင်ရနိုင်တာကြောင့် ဂိုးအောက်ရွေးချယ်ခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။

◾ ဗင်နီဇီရာ Vs အတ္တလန်တာ

ယခုနှစ်မှ တန်းတက်လာတဲ့ ဗင်နီဇီရာအသင်း ရမှတ်လေးမှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးကို ရောက်နေပါတယ်။ အတ္တလန်တာအသင်းကတော့ နောက်ဆုံးနှစ်ပွဲဆက် ဂိုးပြတ်တွေချည်း အနိုင်ရထားသလို စီရီးအေမှာ တိုက်စစ်အကောင်းဆုံး အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒီပွဲမှာ အတ္တလန်တာအသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ အတ္တလန်တာအသင်းက နောက်သုံးရက်နေရင် ကစားရမဲ့ ဆဲလ်တစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို သေချာပေါက် အာရုံရောက်နေနိုင်ပါတယ်။ နောက်တစ်ချက်က ဇယားအောက်ဆုံးက တန်းတက်အသင်းလေးကို  ဂိုးပြတ်တွေ စုံပေါ်တွေ ကစားနေတဲ့ အတ္တလန်တာအသင်းက ထပ်ပြီးတော့ ဂိုးပြတ်တွေ သွင်းမယ်လို့ ထိုးသားတွေ ထင်နေအောင် ဘွတ်ကီတွေက ကြေးပြင်းပြထားတယ်လို့ မြင်ပါတယ်။ အတ္တလန်တာအသင်း ဒီပွဲမှာတော့ ဂိုးတွေအများကြီးသွင်းပြီး စုံပေါ်ထပ်သွားမယ် မထင်တော့ပါဘူး။ ဒီပွဲက ဘော်ဒီအောက် သွားနိုင်သလို ဂိုးအောက်လည်း ဖြစ်သွားနိုင်ပြီး နှစ်မျိုးလုံးတောင် ဖြစ်သွားနိုင်ပေမဲ့ စုံပေါ်ဖြစ်နိုင်ဖို့ တော်တော်လေး ရာခိုင်နှုန်းနည်းတဲ့ ပွဲလို့သုံးသပ်ထားပါတယ်။ ဗင်နီဇီရာအသင်းရဲ့ ပွဲစဥ်တွေကို စောင့်ကြည့်တဲ့အခါမှာ တန်းတက်အသင်းလေးဖြစ်ပေမဲ့ အရမ်းညံ့နေတာမျိုး မဟုတ်ပါဘူး။ အတ္တလန်တာအသင်း နိုင်ခဲ့ရင်တောင် တစ်ဂိုးလောက်ပဲလို့ ယူဆထားတဲ့အတွက် ဒီပွဲကို စုံအောက်ကစားဖို့ ရွေးချယ်ပေးချင်ပါတယ်။

◾ ကက်ဂလီယာရီ Vs တိုရီနို

ဒီပွဲကတော့ ပေါက်ကြေးထူးခြားတဲ့ ပွဲစဥ်တစ်ပွဲလို့ ပြောရမှာ ဖြစ်ပြီး အဆင့် ၁၆ ကအသင်း ကက်ဂလီယာရီက အဆင့် ၇ က တိုရီနိုအသင်းကို ပြားလေးဆယ်အရှုံး ပြန်ပေးထားတာ ဖြစ်ပါတယ်။ အိမ်ရှင်ကက်ဂလီယာရီအသင်းရဲ့ အိမ်ကွင်းပွဲတွေကို ကြည့်လိုက်ရင် လေးပွဲကစားထားရာမှာ နိုင်ပွဲလုံး၀မရထားဘဲ နှစ်ပွဲသရေ နှစ်ပွဲရှုံးထားပါတယ်။ တိုရီနိုအသင်းက အဝေးကွင်းလေးပွဲ ကစားထားရာမှာ နှစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့တာကြောင့် တိုရီနိုအသင်းရဲ့ အဝေးကွင်းရလဒ်ကတောင် ပိုကောင်းနေတာကို တွေ့ရပါတယ်။ တကယ်တော့ တိုရီနိုအသင်းကတောင် ပြားလေးဆယ်အရှုံးလောက် ပြန်ပေးရမဲ့ပွဲကို ကက်ကလီယာရီအသင်းက ကြေးကြောလာပေးနေတာ ဖြစ်ပါတယ်။ ဒီလိုပွဲတွေက ကြေးပြောင်းပြန်ပေးထားတဲ့ပွဲ ဖြစ်ပြီး အဲဒီ​လိုပေးလာတဲ့အသင်းတွေက အနိုင်ရတတ်ပါတယ်။ ဘွတ်ကီတွေက အိမ်ရှင်ကက်ဂလီယာရီအသင်းဘက်မှာ လုံး၀နေမယ်ဆိုတဲ့ အနေအထား ဖြစ်ပါတယ်။ ဘွတ်ကီတွေတောင် အိမ်ရှင်ဘက်ကနေရဲသေးရင် ကျွန်တော်တို့လည်း နေရဲပါတယ်။ ဒီပွဲက ကက်ဂလီယာရီအသင်း သရေနဲ့ အနိုင်ပဲလို့ ယူဆထားတဲ့ အတွက် ပြားလေးဆယ်ရင်းပြီး အိမ်ရှင်ကက်ဂလီယာရီအသင်းကို ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *