October 20, 2024

၂၀. ၁၀. ၂၀၂၄
Written by Nay Moe

TNLA ၊ MNDA ၊ AA နဲ့ မန္တလေး PDF တို့ လက်ရှိဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ သိမ်းယူခံထားရတဲ့နောင်ချိုမြို့က အေးချမ်းစွာလည်ပတ်လို့မရဘဲ အောက်တိုဘာ ၁၉ ရက်တစ်ရက်တည်းမှာ လေကြောင်းနှစ်ခါအတိုက်ခံရပြီး လူ ၃ ဦးသေဆုံးခဲ့သလို ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်က စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး  ဒုတိယပိုင်းအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တွေကို TNLA က တိုက်ခိုက်သိမ်းယူထားနိုင်ပေမဲ့ တပ်မတော်ကလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတဲ့ TNLA ၊ MNDAA ၊ AA တို့ သိမ်းယူထား​ကြတဲ့နေရာတွေကို တန်ပြန်တိုက်ခိုက်တော့မှာလို့ ပြည်သူတွေကို ရှောင်ရှားဖို့ သတိပေးအပြီးမှာပဲ လားရှိုး၊ နောင်ချို၊ သိန္နီ စတဲ့နယ်မြေတွေနဲ့ အကြမ်းဖက်လက်နက်ကိုင်​တွေ ခိုအောင်းရာနေရာကို စဥ်ဆက်မပြတ်တိုက်ခိုက်လာနေပြီး အကြမ်းဖက်လက်နက်ကိုင်တွေ အထိနာနေခဲ့တာပါ။

ဒီလိုအထိနာနေတဲ့အထဲ မနေ့က မနက် ၅ နာရီ ၁၅ မိနစ်နဲ့ ၅ နာရီ ၂၅ မိနစ်ကြားအချိန်တွေမှာ နောင်ချိုမြို့၊ တောင်ရပ်ကွက်ကို လေကြောင်းတိုက်ခိုက်လို့ ၃ ဦးဒဏ်ရာရပြီး ၃ ဦးသေဆုံးတဲ့အပြင် နေ့လယ် ၂ နာရီ ၅ မိနစ်အချိန်မှာလည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အတွင်း  ပေါင် ၅၀၀ ဗုံး တစ်လုံးနှင့် ပေါင် ၃၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့လို့ ပါဟတ်ရပ်ကွက်ရှိ နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *