October 20, 2024

၂၀. ၁၀. ၂၀၂၄
Written by Zun

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာဒေသတွင်းရှိ AA ၏ နိုဗာ(၁)စစ်ဒေသ အရေးပေါ် စစ်သင်တန်းကျောင်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း စစ်သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၉ ရက် ည ၉ နာရီခန့်အချိန်က လူဦးရေ ၅၀၀ ကျော် စစ်သင်တန်းတက်နေသော အဆိုပါနေရာသို့ တပ်မတော်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းစစ်သင်တန်းတွင် AA က အနယ်နယ်အရပ်ရပ်မှ စုဆောင်းထားသော လူအင်အား ၅၀၀ ကျော် စစ်သင်တန်းတက်ရောက်နေကြပြီး ဗုံကြဲခံရခြင်းကြောင့် သင်တန်းကျောင်းခေါင်းဆောင်အပါအဝင် နည်းပြများ၊ သင်တန်းသားများ၊ အိပ်ဆောင်နေရာများ ထိမှန်ခဲ့ကြောင်း သိရသည်။

“ပစ်တာခတ်တာကတော့ နေ့တိုင်းနီးပါးဖြစ်နေကြတယ်။ ပြီးတော့ ဗုံးကြဲတာကလည်းရခိုင်မှာ ရက်ဆက်ကြဲတာ။ အမ်းဘက်မှာ ကြဲတယ်။ ဒါပေမဲ့ ဘယ်ကိုကြဲတယ်ဆိုတာ သတင်းမကြားမိသေးဘူး”ဟု အမ်းမြို့ခံတစ်ဦးက MT News ကို အတည်ပြုပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် တပ်မတော်သတင်းရင်းမြစ်များက အနည်းဆုံး လူ ၂၀၀ ကျော် သေဆုံးကြောင်း ပြောဆိုကြသော်လည် MT News က စုံစမ်းအတည်ပြု၍ မရနိုင်သေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *