October 20, 2024

၂၀. ၁၀. ၂၀၂၄
Written by Thettant

လာမယ့် အောက်တိုဘာ ၂၅ ရက်နေ့မှာ ကျင်းပမယ့် ONE Friday Fights 84 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုဖိုက်တာနှစ်ဦးအဖြစ် အဲမွီနဲ့ ဆွန်ရက်တို့ပွဲ ပါ၀င်လာခဲ့ပါတယ်။

ဒီပွဲမှာတော့ အဲမွီက ပထမပွဲလို ပေါင် ၁၄၀ တန်းမှာမဟုတ်ဘဲ ၁၃၅ ပေါင် ဖလိုင်းဝိတ်တန်း ဆင်းထိုးမှာဖြစ်ပြီး ပြိုင်ဘက်က အိုမာ ကင်တက်ပါ။ ကင်တက်က ဂမ်ဘီယာ/ဆွစ်ဇာလန် ဖိုက်တာဖြစ်ပြီး ONE Friday Fights မှာ တစ်ပွဲထိုးထားပြီး အလဲထိုးနဲ့ အနိုင်ရထားသူပါ။

ဆွန်ရက် ကတော့ ဂျပန်ဖိုက်တာ ယူကီ ကာဆာဟာရနဲ့ ထိုးသတ်မှာဖြစ်ပြီး သူကလည်း တစ်ပွဲထိုးပဲထိုးဖူးထားပေမဲ့ အလဲထိုးနဲ့ အနိုင်ရထားပါတယ်။

ဒါ့ကြောင့် မြန်မာကိုယ်စားပြုဖိုက်တာ နှစ်ယောက်စလုံးဟာ ဒီတစ်ခါမှာ အိမ်ရှင် ထိုင်းမဟုတ်တဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ဆုံနေသလို တစ်ပွဲထိုး၊ နိုင်ပွဲကိုယ်စီရထားတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့နေရတာပါ။ ဆွန်ရက်ကတော့ One မှာ ၇ ပွဲထိုးရာမှာ ၄ ပွဲရှုံးထားပေမဲ့ နောက်ဆုံးနှစ်ပွဲဆက်အနိုင်ယူထားသလို ဆုကြေးဘတ် ၃၅၀၀၀၀ လည်း ဆွတ်ခူးထားလို့ ယုံကြည်မှုမြင့်တက်နေသလို ပထမပွဲမှာ ဂျပန်ဖိုက်တာ တာကာဇိုနိုကို ဒုတိယအချီမှာ အလဲထိုးပြီး ဘောနပ်ဆုပါရခဲ့တဲ့ အဲမွီအဖို့ ဒီတစ်ကြိမ်ပါ ထပ် အနိုင်ယူပြပြီး ဆုကြေးထပ်ရဦးမလားဆိုတာကတော့ ရင်ခုန်စွာ စောင့်ကြည့်ချင်စရာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *