October 20, 2024

၂၀.၁၀.၂၀၂၄
Written By Zun

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့နှင့် လက်နက်ရိက္ခာများထားရာနေရာတို့ ဗုံးကြဲခံခဲ့ရကြောင်း တပ်တွင်းသတင်းရင်းမြစ်များအရ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နံနက်က လေကြောင်းမှ ဗုံး ၄ လုံးကြဲချခဲ့သောကြောင့် AA လက်နက်ကိုင်များအခြေစိုက်ရာ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးသွားကြောင်းလည်း ဒေသခံများက အတည်ပြုသည်။

AA ဘက်လိုက်မီဒီယာအချို့က အဆိုပါဗုံးကြဲမှုကြောင့် ချောင်းသုံးခွကျေးရွာနေ အသက် ၃၈ နှစ်အရွယ် အမျိုး သမီးတစ်ဦး၊ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရကာ နေအိမ်ခြံတွင်း ချည်ထားသော နွား ၂ ကောင်နှင့် ဝက်တစ်ကောင် သေဆုံးသွားကြောင်း ရေးသားထားကြသည်ကိုလည်း တွေ့ရသည်။

“ဘုန်းကြီးကျောင်းအနားက အိမ်တွေထိတယ်။ ညဘက်ဆိုတော့ လူလည်းထိတာပေါ့။ ချောင်းသုံးခွမှာ AA တွေ နေ တာကြာပြီ။ အရင်ကဗုံးကြဲတာတော့မရှိခဲ့ဘူး။ AA ရှိတဲ့ တခြားရွာတွေ ဗုံးချခံရတယ်လို့ ကြားတော့ ကျွန်တော်တို့ရွာ ဘယ်နေ့ ဗုံးလာချမလဲလို့ တွေးမိသေးတယ်။ ခုတော့ ချပြီ”ဟု ဒေသခံတစ်ဦးက MT News ကို ပြော သည်။

AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းမြို့နယ်များရှိ ကျေးရွာအသီးသီးတွင် ဘုန်းတော်ကြီးကျောင်း၊ စာသင် ကျောင်းများကို သိမ်းယူ၍ ၎င်းတို့၏ လက်နက်များ၊ ရိက္ခာများကိုသိုလှောင်ကာ အခြေစိုက်စခန်းများ ပြုလုပ်နေကြ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကုတ်မြို့နယ်အတွင်း ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက် ည ၇ နာရီခန့်အချိန်ကလည်း AA အကြမ်းဖက်အဖွဲ့ အဓိက အခြေစိုက်သည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ၊ ခရိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအနီးတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် AA အဖွဲ့ဝင်တစ်ဦးနှင့် ကလေးတစ်ဦး သေဆုံးခဲ့သေးသည်။

ယင်းအပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက် ကလည်း တောင်ကုတ်မြို့နယ်၊ ရွာမမြို့နယ်ခွဲတွင် AA အတွက် ထောက်ပို့ယာဉ်များနှင့် ထောက်ပို့ပစ္စည်းများထားသော ဂိုဒေါင်အဖြစ်အသုံးပြုထားသည့် အဆောက်အဦများ ဗုံကြဲခံရမှု ရှိခဲ့သေးသည်။

AA အဖွဲ့က တောင်ကုတ်မြို့ စကခ (၅) အပါအဝင် ၎င်းမြို့ရှိ အခြေစိုက် စခန်းများကို တိုက်ခိုက်သွားမည်ဟု တရားဝင် ထုတ်ပြန်ကြေညာပြီးနောက် တောင်ကုတ်မြို့ စကခ(၅) အခြေစိုက်စခန်းတစ်ခုကို စက်တင်ဘာလ ၂၈ ရက်က ဒရုန်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *