October 19, 2024

၂၀. ၁၀. ၂၀၂၄
Written by Tha Doe

၂၀၂၁ နွေဦးတော်လှန်ရေးကတည်းက တရုတ်နိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမြဲတစေ မီးရှို့ဖျက်ဆီး တိုက်ခိုက်မှုတွေ ပြုလုပ်လာတဲ့ NUG နဲ့ PDF တွေက TNLA ရဲ့ တိုက်ခိုက်မှုတွေ ရပ်စဲဖို့ သတိပေးတယ်ဆိုတဲ့စာထွက်ပေါ်လာအပြီးမှာလည်း တရုတ်သမ္မတ၊ တရုတ်နိုင်ငံအလံတွေကို မီးရှို့၊ ဆန္ဒပြ တိုက်ခိုက်မှုပြုလုပ်ခဲ့သေးပေမဲ့ အောက်တိုဘာ ၁၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ မန္တလေး၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်မှုကိုတော့ မကျုးလွန်ဘူးလို့ ဒီနေ့ အောက်တိုဘာ ၁၉ ရက် ညသန်းခေါင်အကျော် အောက်တိုဘာ ၂၀ ရက်အကူး​ကြမှ NUG က ဖွင့်လှစ်ထားတဲ့ Page အားလုံးက တစ်ပြိုင်နက် ထုတ်ပြန်လာပါတယ်။

မန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်မှုမပြုမီမှာ ကချင်လက်နက်ကိုင် KIA က ပန်ဝါမြို့ကိုသိမ်းလိုက်တယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့သလို တရုတ်ကလည်း နယ်စပ်ဂိတ်တွေပိတ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့အပြီးမှာ မန္တလေးကတရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်ခဲ့တာပါ။ KIA ဟာလည်း NUG လက်အောက်ခံ PDF တွေကို KPDF ဆိုပြီး မွေးထုတ်ပေးနေသလို လက်ရှိ ပြုလုပ်နေတဲ့ ရှမ်း၊ မန်းစစ်ဆင်ရေးမှာလည်း NUG ရဲ့ မန္တလေး PDF တွေနဲ့အတူ KPDF တွေက ဝင်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

TNLA ကို အပစ်အခတ်ရပ်ဖို့ တရုတ်က စာထုတ်အသိပေးတယ်ဆိုတဲ့အချိန်တုန်းကလည်း NUG ဩဇာခံ PDF လေးဖွဲ့ကလည်း “ဖိရင်ကြွမယ် ထိရင်ချမယ်” “China; Back Off From Myanmar” ဆိုတဲ့ စာတန်းနှစ်ခုကို ကိုင်ဆွဲပြီး စက်တင်ဘာ ၄ ရက်က တရုတ်နိုင်ငံကို မီးရှို့ဆန္ဒပြမှု ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီဆန္ဒပြမှုမှာဆို ဆန္ဒပြတဲ့ PDF လေးဖွဲ့ဖြစ်တဲ့ MayangoneDemocraticFront_MDF ၊ Owl Community၊ LinnYaung Ni Youth Organization_LYNYO နဲ့ Kyimyindaing Networks_KMD18 အဖွဲ့တွေက ရန်ကုန်မြို့တွင်းက မီးရထားသံလမ်းတစ်နေရာမှာ တရုတ်အလံ၊ TNLA ကို ပေးပို့တဲ့စာကို Print ထုတ်ထားတဲ့ စာရွက်တစ်ရွက်အပြင် တရုတ်သမ္မတရှီကျင့်ဖျင် ပုံတွေ မီးရှို့ပြီး ခြေနဲ့နင်းပြီး ဆန္ဒပြခဲ့ပေမဲ့ မန္တလေးကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုမှာတော့ NUG က မကျုးလွန်ဘဲ တရုတ်နဲ့ချစ်ကြည်လိုတယ်လို့လည်း NUG Page အားလုံးအပြင် Facebook သုံးကြတဲ့ NUG ဝန်ကြီးတွေကလည်း မျှဝေဖော်ပြထားတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *