October 19, 2024

၁၉.၁၀.၂၀၂၄
Written By Thandar

အလိုတော်ပြည့် ဆရာတော် အရှင်ကုမာရ ဦးဆောင်မှုနဲ့အတူ အနုပညာရှင်တချို့က ယနေ့ အောက်တိုဘာ ၁၉ ရက် ‌ညနေပိုင်းက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၅၁ ရပ်ကွက် မြဝတီမင်းကြီး ၁လမ်း သပြေခြံရှိ မရှိဆင်းရဲသားအိမ်ခြေတွေအတွက် စားသောက်ကုန်နဲ့ ငွေကြေးတချို့လှူဒါန်းခဲ့ပါတယ်။

“ဒီနေ့က ဆရာတော်ဦးဆောင်မှုနဲ့အတူ ကျွန်တော်တို့ မောင်နှမတွေက အိမ်ထောင်စု ၄၀ စာအတွက် အိမ်နောက်ဖေးမီးဖိုချောင်သုံး စားသောက်ဖွယ်ရာတွေဖြစ်တဲ့ ဆန်၊ ကြက်ဥ၊ ကြက်သွန်နီ၊ ‌ကြက်သွန်ဖြူ ၊ ငွေကျပ် ၅ထောင်တို့ကို လှူဒါန်းကြတာပါ။ တကယ်လိုအပ်နေတဲ့ နေရာကို လာလှူဒါန်းဖို့အတွက်လည်း ဂျိုးဂျိုး@မျိုးစန္ဒီကျော်က သိတဲ့အတွက် ဆရာတော်က တစ်တတ်တအားနဲ့ပါဝင်လှူဒါန်းဖြစ်တာပါ။ ကျွန်တော်တို့အနေနဲ့ လုပ်အားအနေနဲ့ ပါဝင်ရလို့လည်း ပီတိဖြစ်ရပါတယ်”လို့ သရုပ် ဆောင်နိုင်လူက ပြောပါတယ်။

အဆိုပါ လှူဒါန်းမှုမှာတော့ မရှိ ဆင်းရဲသားအိမ်ထောင်စု ၄၀ စာအတွက် ဆန် ၃ ပြည်၊ ကြက်ဥ ၊ ကြက်သွန်နီ၊ ငွေ ‌ကျပ် ၅ ထောင်ဆီကို လှူဒါန်းခဲ့ပါတယ်။ ဒါ့ပြင် နှလုံး ရောဂါဖြစ်နေတဲ့ ‌အမေကြီးကို အလှူငွေ ကျပ် ၁ သိန်း၊ အမေအိုကြီး တစ်ဦးကို အလှူငွေ ကျပ် ၂ သောင်းခွဲနဲ့ ၅ ဦး၊ ကလေးသူငယ် အယောက် ၃၀ စာ ၅ ထောင်နှုန်းဝေငှခဲ့ပါတယ်။

နှလုံးရောဂါဖြစ်နေတဲ့ ‌အမေကြီးကို အာရှတော်ဝင်ဆေးရုံမှယ ဆေးကုသပေးဖို့လည်း ဆောင်ရွက်ပြီး ပို့ဆောင်မှုလုပ်ဆောင်ခဲ့ပါတယ်။ အလိုတော်ပြည့် ဘုရားကြီးရဲ့ လမ်းညွန်မှုတွေနဲ့ တပည့်ရင်းဖြစ်သူ ဆရာတော်အရှင်ကုမာရ@ဦးဇင်းဘီလူးကလည်း ထပ်မံပြီး လိုအပ်နေတဲ့ နေရာကို စားသောက်ကုန်တချို့ ဆက်လက်လှူဒါန်းမှုတွေ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

“ဦးဇင်းအနေနဲ့ ခုလိုလူတွေ အရမ်းကျပ်တည်းနေချိန်မှာ ကိုယ်နိုင်တဲ့ဘက်ကနေ တစ်ဖက်တစ်လမ်းက ကူညီတာပါ။ ခုလည်း နှလုံးရောဂါဝေဒနာခံစားနေရတဲ့ အမေကြီးကိုတွေ့တော့ ရင်ထဲလည်း မကောင်းပါဘူး။ ဒါကြောင့် ဦးဇင်းအနေနဲ့ နိုင်တဲ့ဘက်ကပေါ့။ ဆန်၊ ကြက်ဥနဲ့စားစရာနဲ့ ငွေတစ်သိန်းလှူခဲ့တယ်။ ခုကတော့ အမေကြီးကို အာရှတော်ဝင်ဆေးရုံမှာ ဆေးကုသမှုခံယူနိုင်ဖို့ ပို့ဆောင်လိုက်တာပါ” လို့ အလိုတော်ပြည့်ကျောင်းက ဆရာတော်အရှင်ကုမာရ@ဦးဇင်းဘီလူးက MT Entertainment ကို မိန့်‌ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *