October 19, 2024

၁၉.၁၀.၂၀၂၄
Written By Thandar

ပရိသတ် စိတ်ဝင်စားမှုရရှိနေတဲ့ The Mask Singer Myanmar Season 2 မှာ အဆိုတော် ငွေဇင်လှိုင်းက တစ်ခါမှ မဆိုဖူးတဲ့ Rap တွေ ရွတ်ရလို့လည်း ရင်ခုန်ရတယ်လို့ ဆိုပါတယ်။

“မျက်နှာဖုံးအောက်ကနေ ကိုယ့်ထက် ဝါရင့်အနုပညာရှင်တွေအပေါ် စခဲ့နောက်ခဲ့တာတွေကိုလည်း ဟော့ပေါ့လေးကို ဗွေမယူကြပါနဲ့နော်။ သီချင်းတိုင်းမှာလည်း မတူအောင်၊ မသိအောင် သရုပ်မှန်ဖုံးဖိဖို့ ကြိုးစားရင်း လိုအပ်ချက်များရှိခဲ့ပါကလည်း နားလည်ပေးကြပါလို့ မူရင်းတေးရေး၊ တေးဆို စီနီယာတွေကို လေးစားပါတယ်။ ဘဝမှာ ငွေဇင်တစ်ခါမှ မဆိုဖူးတဲ့ Rap တွေ ရွတ်ရလို့လည်း ရင်ခုန်ရတယ်။ အစီအစဉ်စထဲက ပိုရင်ခုန်ရတာက ပြိုင်ပွဲပြီးကထဲက အလှမ်းဝေးသွားခဲ့ရတဲ့ ငွေဇင့်အတွက် တော်တော်များများမသိကြသေးသူတွေလည်းရှိသလို အသံလေးကြားတာနဲ့ မှတ်မိပေးကြ၊ ချစ်ပေးကြလို့လည်း အရမ်းပျော်ရပါတယ်။ တစ်ကယ်ကိုမထင်ထားပါဘူး” လို့ အဆိုတော် ငွေဇင်လှိုင်းက ပြောပါတယ်။

အဆိုပါ The Mask Singer Myanmar အစီအစဉ်တင်ဆက်သူအနေနဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်း၊ ဆယ်လီစုံထောက်များ အနေနဲ့ ရုပ်ရှင်နဲ့ဂီတနယ်ပယ်က ဝါရင့်သမ္ဘာရင့် အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ငှက်ပျော်ကြော်၊ စန္ဒီမြင့်လွင် ၊ မျက်နှာဖုံးရှင်ဆယ်လီတွေအနေနဲ့ နယ်ပယ်စုံက နာမည်ကြီး Celebrity (၁၈) ဦးတို့က ပါဝင်ပြီး အကောင်းဆုံး ဖျော်ဖြေတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

“Hotpot ဝတ်စုံလေးအတွက်လည်း ကျေနပ်ရပါတယ်။ ဝတ်စုံဝတ်ရတဲ့အချိန် ပူနေပေမဲ့ ဖြစ်နိုင်ရင်တော့ ဆက်ဆိုချင်နေပါသေးတယ်နော်။ ခုချိန်ထိကို ရင်ခုန်နေဆဲပါပဲ။ အိမ်က အမေကစ နေ့တိုင်း စုံစမ်းတာ ခံရပါတယ်။သေချာရင် ဟော့ပေါ့ ကျွေးဆိုတာ ကြီးပဲ။ တကယ်တော့ ငွေဇင်ဆိုတာ ခန့်မှန်းပေးတဲ့ အဖြေအကုန်မှန်တဲ့အတွက် အားလုံးကငွေဇင်လေးကို ဟော့ပေါ့ပြန်ကျွေးကြပါလား။ ချစ်လို့စတာပါ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *