October 19, 2024

၁၉.၁၀.၂၀၂၄
Written By Zun

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဘုရားစေတီရှေ့ ဆီမီးပူဇော်ပြီးပြန်လာသော အမျိုးသမီးတစ်ဦးကို PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်၊ ည ၈ နာရီ မိနစ် ၂၀ ခန့်အချိန်က အဆိုပါ ကျေးရွာရှိ ရွှေဘုန်းပွင့်စေတီတွင် ဆီမီးပူဇော်ပြီး ပြန်အလာ အထက်ပါအတိုင်းပစ်ခတ်လုပ်ကြံခံရကာ အခင်းဖြစ်ရာနေရာ၌ပင် ကွယ်လွန်သွားကြောင်း သိရသည်။

အဆိုပါအမျိုးသမီးမှာ ပွတ္တိုင်ကျေးရွာနေ အသက် ၄၀ အရွယ် မချယ်ရီဝင်း(ခ)မချယ် ဖြစ်ပြီး ကျေးရွာရှိ ရွှေဘုန်းပွင့်စေတီသို့ ညနေ၆နာရီခန့်အချိန်က ဆီမီးပူဇော်ပြီး ခြေလျင်ပြန်အလာ ဆိုင်ကယ် ၂ စီးဖြင့် ရောက်လာသော PDF များက သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

မချယ်ရီဝင်း(ခ)မချယ်၏ ခင်ပွန်း၊ မောင်နှမများမှာ တပ်မတော်သားများ ဖြစ်ကြောင်း ဒေသခံများထံမှ သိရ သည်။

ပုံစာ-သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံ လုပ်ကြံမခံရမီက ဘုရားဆီမီးပူဇော်နေသော မချယ်ရီဝင်း(ခ)မချယ်၏ ပုံနှင့် သေဆုံးနေသောပုံ။

Leave a Reply

Your email address will not be published. Required fields are marked *