October 19, 2024

၁၈.၁၀.၂၀၂၄
Written By Thandar

ဘဝအမောတွေပြေစေမယ့် ဟာသဇာတ်မြူးပုံစံ “ဗိုက်” ရုပ်ရှင်ဇာတ်ကားကြီး Family Show အခမ်းအနားကို အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ စိန်ဂျွန်း City Mall မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီဇာတ်ကား ရိုက်ကူးဖို့ ကမ်းလှမ်းချိန်မှာ ဘယ်လိုဇာတ်လဲလိုမေးကြည့်တော့ ဗိုက်ကြီးသည်နေရာက သရုပ်ဆောင်ရမယ်ဆိုတော့။ ဘယ်သူကိုပြောတာလဲ လူမှားပြောနေတာလား ပြန်မေးရတယ်။ ပြီးတော့မှ ဟုတ်တယ် တကယ်ဆိုတော့ အံ့ဩသွားရတာပါ။ ကိုယ် ဝန်ဆောင်သည်တွေ လေ့လာပြီး ကြည့်ရတာပေါ့။ ကိုယ်တိုင်လည်း ဟာသဇာတ်လမ်းဆိုတော့ သဘောလည်း ကျပါတယ်။ ပရိသတ်တွေလည်း ဘဝအမောတွေပြေစေမယ်လို့ ထင်ပါတယ်” လို့ သရုပ်ဆောင် ရှင်မွေလက MT Entertainment ကို ပြောပါတယ်။

အောင်ခေတ်မင်း ထုတ်လုပ်ရေးရဲ့ ပထမဆုံးဟာသရုပ်ရှင်ကားကို ဇာတ်လမ်း ရာဇဝင်ကို၊ ဇာတ်ညွှန်း ကြယ်စုသစ်တို့က ရေးသားပြီးတော့ ဒါရိုက်တာ စိုးမိုးမင်းက သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ရှင်မွေလ၊ ဝီလီ ၊ မြတ်ကေသီအောင်၊ လီလီကျော်ခိုင်၊ ချောကလျာ၊ ကြယ်စင်ဖြူ၊ မမဆောင်း၊ မျိုးမျိုးခိုင်၊ မအေးသီတာ စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။

“လီလီက ဗိုက်ဆိုတဲ့ ကားထဲမှာ သက်လုံးပုံ ဆိုတဲ့ ဆရာဝန်မလေးတစ်ယောက် ကာရိုက်တာနဲ့မြင်တွေ့ရမှာပါ။ ဒီကားမှာ လီလီတို့အခန်းတွေ အများကြီးမပါဘူးဆိုပေမယ့် ပါဝင်တဲ့အခန်းလေးထဲမှာ တော်တော်ကောင်းကောင်းလေး လုပ်ခွင့်ရတယ်။ လီလီနဲ့ တွဲဖက်ရတာကတော့ ကိုကျော်ထက်အောင်နဲ့ပေါ့။ နောက် ဗိုက် ၃ ဗိုက်ရဲ့အလွဲလေးတွေ ကြည့်ရတာပီတိဖြစ်စရာလေး ပျော်စရာလေးကောင်းပါတယ်”လို့ သရုပ်ဆောင်လီလီကျော်ခိုင်က MT Entertainment ကို ပြောပါတယ်။

” ဗိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာလအတွင်း မြန်မာတစ်နိုင်ငံလုံး ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *