October 18, 2024

၁၈.၁၀.၂၀၂၄
Translated by Htwe Ko Tun

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း၊ ဂျီဂါဝါပြည်နယ်ရှိ မာဂျီရာကျေးရွာတွင် ဒေသစံတော်ချိန် အောက်တိုဘာလ ၁၅ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော လောင်စာဆီတင်ကားပေါက်ကွဲမှု၌ သေဆုံးသူဦးရေမှာ အောက်တိုဘာလ ၁၇ ရက်တွင် အနည်းဆုံး ၁၅၃ ဦးအထိရှိလာပြီဖြစ်ကြောင်းနှင့် ၁၀၀ ဦးခန့်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် လောင်စာဆီတင်ကားမှ ထွက်ကျနေသော လောင်စာဆီများကို ရယူရန် အနီးပတ်ဝန်းကျင်နေသူများက ကြိုးပမ်းနေကြစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ဤသို့ အများအပြားသေဆုံးဒဏ်ရာရခဲ့ခြင်းဟုလည်း သိရသည်။

ဂျီဂါဝါပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက လောင်စာဆီတင်ကား ယာဥ်မောင်းမှာ ကားကိုမထိန်းနိုင်တော့ဘဲ ကားမှာ တစ်ပတ်လည်ကျွမ်းပစ်ခဲ့ရသဖြင့် လောင်စာဆီများမှာလည်း ရေဆိုးမြောင်းထဲသို့ဖိတ်ကျခဲ့၍ အနီးရှိသူများက ခပ်ယူနေကြစဥ် လောင်စာဆီတင်ကားမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၆ ရက်တွင် ပေါက်ကွဲမှု၌ သေဆုံးသူအချို့အား အစုလိုက်အပြုံလိုက် သင်္ဂြိုဟ်မြှုပ်နှံမှုပြုခဲ့ပြီးဖြစ်သည်။ သို့သော် ပေါက်ကွဲမှုကြောင့် သေဆုံးသူမှာဆက်လက်မြင့်တက်လာသဖြင့် အောက်တိုဘာလ ၁၇ ရက်တွင် ၁၅၃ ဦးအထိရှိလာခြင်းဖြစ်သည်။

Ref- cnn

Leave a Reply

Your email address will not be published. Required fields are marked *