October 18, 2024

၁၈. ၁၀. ၂၀၂၄
Written by Nay Moe

ထိုင်း- မြန်မာ နယ်စပ်လုံခြုံရေးအတွက် အရေးပါတဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုပ်အမြောက်စခန်းကို လက်နက်ကိုင် KNU/PDF ပူးပေါင်းအဖွဲ့က ၇ လကြာ ပိတ်ဆို့တိုက်ခိုက်ပြီး သိမ်းယူလိုက်တယ်လို့ ဒီမနက်မှာ ပုံတွေနဲ့တကွ ထုတ်ပြန်လာပါတယ်။

ထိုင်းနယ်စပ်မျဥ်းအနီးက KNU အခြေချနေထိုင်ရာ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး ဝင်ရောက်တပ်စွဲထားတဲ့ မစခ−၆၀၆ လက်အောက်ခံအမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားတဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုပ်အမြောက်စခန်းကို KNU/KNLA/KNDO/PDF တွေကအောက်တိုဘာ (၁၇) ရက် မနက် ၄ နာရီခွဲ အချိန်မှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာပါ။

စွယ်တော်ကုန်း နယ်စပ်ခြေကုပ်အမြောက်စခန်းကို ၂၀၀၃ ခုနှစ်က စတင်ပြီး ထိုင်း−မြန်မာ နယ်စပ်တပ်စခန်းအဖြစ် စတင်တပ်စွဲခဲ့သလို အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်တွေက တာဝန်ယူခဲ့ကာ ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းတဲ့ အချိန်ကစပြီး တပ်မ (၂၂)၊ တပ်မ (၄၄) နဲ့ ကမ်းရိုးတမ်းတပ်တွေပါ လာရောက်တပ်စွဲခဲ့တဲ့ တပ်စခန်းတစ်ခု ဖြစ်ပါတယ်။

ဒီတပ်စခန်းက ထိုင်းမြန်မာနယ်စပ်မှာတည်ရှိသလို နယ်မြေစိုးမိုးရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည် ဆောက်ထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး နိုင်ငံ့လုံခြုံရေးအတွက် အရေးပါတဲ့ ဒီတပ်စခန်းကို KNU/PDF ပူးပေါင်းတပ်တွေက (၇) လကြာ ဝန်းရံ ပိတ်ဆို့ တိုက်ခိုက်သိမ်းယူချိန်အတွင်း စစ်သုံ့ပန်းတွေအပြင် (၁၂၀) မမ လက်နက်ကြီး (၂) လက်၊ ပွိုင့်ဖိုက် (၁) လက်နဲ့ လက်နက်ငယ်များစွာအပါအဝင် ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်း ရမိခဲ့တယ် ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *