October 18, 2024

၁၇.၁၀.၂၀၂၄
Written By Thandar

ယနေ့ သီတင်းကျွတ်လပြည့် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး‌ ဆရာတော်အသျှင်ကုမာရ ဦးစီးဦးဆောင်ကာ သောတုဇန စာသင်သားတွေ၊ သီလရှင်တွေနဲ့ အနှေးယာဉ်ဆိုက္ကားဆရာတွေကို ဆန်၊ဆီစားသောက် ကုန်တွေလှူဒါန်းခဲ့ပါတယ်။

“ဦးဇင်းရဲ့ ကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး‌တော့ တာမွေမြို့နယ်မှာရှိတဲ့ ကျောင်းတိုက်တွေက ဆရာတော်တွေ၊ သင်္ဃန်းကျွန်းမြို့နယ်က အလိုတော်ပြည့်ကျောင်းတိုက်ရယ်က သောတုဇန စာသင်သား ၅၀၀ ပါးပါတယ်။ ကျိုက္ကဆံဘက်ကဆရာလေးသီလရှင် ၁၀၀ ပါးရယ်၊ နောက် မရှိ ဆင်းရဲသား ဆိုက္ကား တစ်နေ့စာ တစ်နေ့အတွက်ရုန်းကန်နေရတဲ့ သူတွေအတွက် ဒီဒကာတွေကို ဦးဇင်း ၂၀၀ စာအလှူကိုတော့ နှစ်စဉ်လှူဒါန်းခဲ့တာဆိုရင် ၅ နှစ်ကျော်ရှိပါပြီ။ ဒီလိုလှူဒါန်းနိုင်ဖို့ ထိုင်းက ဒကာ၊ ဒကာမတွေ မလေးရှားက စေတနာရှင် ရန်ကုန်ကအလှူရှင်တွေအပြင် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တွေ ပါဝင်လှူဒါန်းကြတယ်”လို့ အလိုတော်ပြည့်ကျောင်းတိုက်က ဆရာတော်အရှင်ကုမာရ@ဦးဇင်းဘီလူးက MT Entertainment ကို မိန့်ကြားပါတယ်။

အဆိုပါ လှူဒါန်းမှုမှာတော့ အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ရဲအောင်၊ နိုင်လူ၊ အောင်ကြီး၊ မျိုးစန္ဒီကျော်၊ အလှမယ်သန္တာ၊ အဆိုတော် ကေသီနွယ် ၊ ရခိုင်တေးသံရှင်တွေကလည်း တေးသီချင်းသီဆိုဖျော်ဖြေခဲ့ကြသလို ပါဝင်လှူဒါန်းခဲ့ကြပါတယ်။

အနုပညာရှင်တွေက ဆရာတော်ဘုရားကြီးနဲ့လမ်းညွှန်မှုနဲ့အတူ ဆွမ်းဆန်တော်၊ ဆီ၊ Rayal D၊ ခေါက်ဆွဲခြောက်၊ ဆား၊ ဆေး၊ ဆပ်ပြာခဲ ၊ သွားတိုက်ဆေး၊ အချိုရည်၊ မုန့်၊ သွားတိုက်တံ ၊ ဂေါ်ဖီထုပ်၊ ပဲသီး၊ ခဝဲသီး၊ ‌ဂေါ်ရခါးသီး၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး စတာအပြင် ငွေကြေးတချို့ကို သောတုဇန စာသင်သား ၅၀၀ ပါးတို့နဲ့ သီလရှင် ၁၀၀ ပါးနဲ့ မရှိဆင်းရဲသား အနှေးယာဉ်ဆိုက္ကားဆရာ ၂၀၀ယောက်တို့ကို အခြေခံစားကုန်တွေကို အဘိဓမ္မာအခါတော်နေ့မှာ လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *